


<<unicode>>
ဆီပေပါခွံအတွင်း လျို့ဝှက်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံ ၁၇၈၀ ကို ဖားကန့်တွင် ဖမ်းဆီးရမိခဲ့
Friday, September 20, 2019
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၈ ရက်က ဆီပေပါခွံအတွင်း လျို့ဝှက်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်း ၁၇၈၀ တုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရပါတယ်။
၎င်း ကျောက်စိမ်းတုံးများကို သယ်ဆောင်လာတဲ့ HINO အမျိုးအစား 7A/9079 နံပါတ်ပါ မော်တော်ယာဉ်ကို တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ရာ မော်တော်ယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ ဆီပေပါအတွင်း တရားမဝင်ကျောက်စိမ်းတုံး (၁၇၈၀) တုံး (အလေးချိန် ၂၀၀၀ ကီလိုကျော်) ကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ယာဉ်မောင်း ဝေထွန်း(၁၉)နှစ်နဲ့ ယာဉ်နောက်လိုက် အာကာကျော် (၁၇)နှစ်တို့ကို လုံးခင်းနယ်မြေရဲတပ်ဖွဲ့စခန်းက ၁၂၈/၂၀၁၉၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)/၅၄ အရ အမှုဖွင့်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရှိရပါတယ်။
#Myanmar_Online_News #ဖားကန့် #ကျောက်စိမ်း
0 comments:
Post a Comment