အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း ASEA N-US Maritime Exercise (AUMX) ကို စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်ခဲ့ပြီး မြန်မာ့တပ်မတော်ရေမှ စစ်ရေယာဉ် (ကျန်စစ်သား) ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမေရိကန်နဲ့ အာဆီယံရေတပ်ဖွဲ့တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ်ဖြစ်ပြီး ငါးရက်ကြာလေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘော ၈ စင်း၊စစ်လေယာဉ် လေးစင်းနဲ့ စစ်မှုထမ်းပေါင်း တစ်ထောင်ကျော်ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံရှိ Satahip ရေတပ်အခြေစိုက်စခန်းကနေ စတင်ခဲ့ပြီး စင်္ကာပူနိုင်ငံမှာ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment