Wednesday, September 4, 2019

မန္တလေးတက္ကသိုလ် သပိတ်မှောက်ဆန္ဒပြမှုတွင် ကျောင်းသား ကျောင်းသူ အင်အား ၁၀၀ ခန့်ရှိလာ

Image may contain: 2 people, people standing, night and outdoor

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သပိတ်မှောက် ကော်မတီဖွဲ့၍ စက်တင်ဘာလ (၂) ရက်နေ့က အင်အား (၇) ဦးဖြင့် စတင်ခဲ့ရာ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် အင်အား ၁၀၀ခန့် ရှိလာကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရေး အတွက် မန္တလေးတက္ကသိုလ်တွင် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသား ကျောင်းသူများ တတိယနေ့တွင် အင်အား ပိုမိုများပြားလာခဲ့ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။
ကျောင်းသူကျောင်းသားများအနေဖြင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊ စစ်ဆေး၊အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သားစွာ ချပြရေး စသည့်တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြသည်။
အဆိုပါတောင်းဆိုမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြေရှင်းပေးမှုမရှိသေးကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရသည် ။
ယခုလက်ရှိအချိန်ထိမန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ တောင်းဆိုချက်(၅)ချက် လက်ရှိအချိန်ထိမရရှိသေးဘဲ တတိယနေ့အဖြင့်ဆက်လက်တိုက်ပွဲရာသပိတ်မှောက်ကျောင်းသားသမဂ္ဂကို ဝန်းရံသည့်ကျောင်းသား ကျောင်းသူများအဆမတန်လာရောက်ပူးပေါင်းလာခဲ့ကြောင်း သိရသည်။
Image may contain: 1 person, wedding and outdoor
Image may contain: 5 people, outdoor
Image may contain: 1 person, standing and outdoor

0 comments:

Post a Comment