Wednesday, September 4, 2019

သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအနည်းဆုံး စံချိန်တင်

Image may contain: text and outdoor

သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနည်းပါးတဲ့ နှစ်တွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့ မတူပဲ ရေဝင်ရောက်မှု အနည်းဆုံးဖြစ်တယ်လို့ ရွှေဘိုဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။ ဒီနှစ်မှာ မိုးခေါင်ပြီး ဆည်ထဲကိုရေစီးဝင်တာနည်းခဲ့တာဖြစ်တယ်လို့ ရွှေဘိုဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြတ်ထွန်း ကပြောပါတယ်။

သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနည်းလို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ရှိသူတွေက ဆည်ရေသောက်တောင်သူတွေကို ရေလေလွင့်မှုမရှိစေရေးနဲ့ ရေကိုခြိုးခြံချွေတာပြီး အကျိုးရှိအောင်သုံးစွဲဖို့ အသိပညာပေးတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းက သဖန်းဆိပ်ရေလှောင်တမံဟာ မူးမြစ်အထက်ပိုင်းကို ပိတ်ပြီးတည်ဆောက်ထားတဲ့ ရေလှောင်တမံဖြစ်ပြီး မြန်မာနိုင်ငံမှာ အရှည်ဆုံးမြေသားတမံလည်း ဖြစ်ပါတယ်။ ရေလှောင်တမံရဲ့ရေပြင်ဟာ တောင်နဲ့မြောက် အကျယ်(၂၂)မိုင်ခန့်ရှိပြီး အရှေ့နဲ့အနောက်အကျယ်ဆုံးနေရာဟာ(၁၂)မိုင်လောက် ရှိပါတယ်။ ဆည်ရေသောက်ဧရိယာဟာ ဧက(၅)သိန်းနီးပါးဖြစ်ပြီး ခရိုင်(၄)ခုရှိ မြို့နယ်(၁၀)မြို့နယ်ကို ရေပေးဝေနေတာဖြစ်ပါတယ်။
No photo description available.
Image may contain: sky, ocean, outdoor, nature and water
Image may contain: outdoor, nature and water
Image may contain: sky, outdoor and nature
သတင်း- ဝင်းနိုင်(ကချင်မြေ)၊မိုးသောက်(ရွှေဘို)

0 comments:

Post a Comment