စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော"မြကြယ်စင်"အမြန်ရေယာဉ်ပေါ်မှတရားမဝင်ပရိဘောဂအသုံးပြု ကျွန်းခွဲသားများဖမ်းမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် နေ့လယ်၁နာရီခန့်တွင်ထီးချိုင့်မြို့နယ် သစ်တော ဦးစီးဌာနမှမြို့နယ်ဦးစီးအရာရှိဦးစိုးမင်းအောင် ဦးစီးသောအဖွဲ့သည်သက်သေများနှင့်အတူထီးချိုင့်မြို့၊ဧရာဝတီမြစ်ဆိပ်ကမ်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော"မြကြယ်စင်"အမြန်ရေယာဉ်အားမသင်္ကာ၍ရှာဖွေစစ်ဆေးရာအဆိုပါရေယာဉ်အတွင်းမှ သိုဝှက်သယ်ယူလာသောပရိဘောဂအသုံးပြုကျွန်းခွဲသားပေါင်းတံခါးချပ်များ အပါအဝင်၃၊၉၊၁၉ရက်နေ့ထိတိုင်းတာချက်အရကျွန်းခွဲသားပေါင်း(၃၇၉၄)ချောင်း၊(၁၃ဒဿမ၅တန်)နှင့်အတူရေယာဉ်မောင်းဦးသိန်းသန်းဌေး၊ ခက်သက်ကျေးရွာ၊စဥ့်ကူးမြို့နေသူနှင့်ရေယာဉ်ပိုင်ရှင်ဦးသန်းလင်း၊ အောက်ဝဲကြီးကျေးရွာ၊ ကသာမြို့နယ်နေသူတို့နှစ်ဦးအားထီးချိုင့် မြို့မရဲစခန်းမှ သစ်တောဥပဒေအရဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
လူအောင်(ကသာ)
0 comments:
Post a Comment