Sunday, September 22, 2019

ရန္ကုန္-မႏၲေလး ရထားလမ္းအဆင့္ျမႇင့္တင္ျခင္းစီမံကိန္းစတင္ေတာ့မည္ျဖစ္၍ ရထားခရီးစဥ္အခ်ိဳ႕ ဖ်က္သိမ္းမည္

Image may contain: sky, tree and outdoor

ရန္ကုန္-မႏၲေလးရထားလမ္း အဆင့္ျမႇင့္တင္ျခင္းစီမံကိန္းကို (အပိုင္း-၁)အျဖစ္ ရန္ကုန္-ေတာင္ငူၾကားတြင္ ေအာက္တိုဘာ ၁ ရက္မွ စတင္ေဆာင္႐ြက္မည္ျဖစ္၍ ရန္ကုန္-မႏၲေလးခရီး စဥ္မ်ားမွ စာပို႔ရထားခရီးစဥ္ႏွင့္ အျခားခရီးစဥ္အခ်ိဳ႕ကို ယာယီ ဖ်က္သိမ္းမည္ျဖစ္ေၾကာင္း ျမန္မာ့ မီးရထားမွ သိရသည္။

''ရန္ကုန္-မႏၲေလးအဆင့္ျမႇင့္တင္ျခင္းက သူ႔အပိုင္းနဲ႔သူ လုပ္မွာဆိုေတာ့ ရထားခရီးစဥ္တခ်ိဳ႕ ဖ်က္လိုက္တာပါ။ လမ္းပိုင္းမွာ ေဒြးလမ္း ႏွစ္လမ္းရွိရင္ တစ္ဖက္ခ်င္း လုပ္သြား မွာဆိုေတာ့ တစ္လမ္းကို အဆင့္ျမႇင့္ခ်ိန္မွာ က်န္တဲ့လမ္းနဲ႔ သြားရမွာပါ။ အစုန္၊ အဆန္က လမ္းတစ္လမ္းတည္းသုံးရမွာ ပါ။ ေပါင္းလို႔ရတဲ့ရထားေတြ ေပါင္းလိုက္တယ္''ဟု ျမန္မာ့ မီးရထား(မႏၲေလး)မွ မန္ေနဂ်ာ ဦးစံသာေအာင္က ေျပာသည္။
မႏၲေလး-ရန္ကုန္ အမွတ္(၂) အစုန္ႏွင့္ အမွတ္(၁) အဆန္ ရထားျဖစ္ေသာ စာပို႔ရထားခရီးစဥ္ကို ဖ်က္သိမ္းမည္ျဖစ္ၿပီး က်န္ရွိေသာ ရန္ကုန္-မႏၲေလးရထားခရီးစဥ္မ်ားကို မူလအတိုင္း ေျပးဆြဲမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ရထားအမွတ္ (၉/၁၀) ရန္ကုန္-သာစည္၊ အမွတ္ (၃၁/ ၃၂) ရန္ကုန္-ေနျပည္ေတာ္၊ အမွတ္ (၃၅/ ၃၆)ရန္ကုန္-ေမာ္လၿမိဳင္၊ အမွတ္(၁၆/ ၁၇) ေနျပည္ေတာ္-ေမာ္လၿမိဳင္ ရထားခရီးစဥ္မ်ားကို ယာယီ ဖ်က္သိမ္းမည္ျဖစ္သည္။
ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္မႈ စီမံ ကိန္းကို JICA အကူအညီျဖင့္ ၂၀၂၃ ခုႏွစ္တြင္ အၿပီး ေဆာင္႐ြက္သြားမည္ျဖစ္၍ စီမံကိန္းအေကာင္အထည္ေဖာ္ မႈကို ႏွစ္ပိုင္းခြဲ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ စီမံကိန္း ၿပီးစီးပါက ရန္ကုန္-မႏၲေလး ခရီးစဥ္ကို ေျခာက္နာရီၾကာခ်ိန္ျဖင့္ ေမာင္းႏွင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
သန္းေဇာ္မင္း(ျပန္/ဆက္) #Myanmar_Online_News
<Unicode>
ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းစတင်တော့မည်ဖြစ်၍ ရထားခရီးစဉ်အချို့ ဖျက်သိမ်းမည်
Monday, September 23, 2019

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို (အပိုင်း-၁)အဖြစ် ရန်ကုန်-တောင်ငူကြားတွင် အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်-မန္တလေးခရီး စဉ်များမှ စာပို့ရထားခရီးစဉ်နှင့် အခြားခရီးစဉ်အချို့ကို ယာယီ ဖျက်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
''ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်းက သူ့အပိုင်းနဲ့သူ လုပ်မှာဆိုတော့ ရထားခရီးစဉ်တချို့ ဖျက်လိုက်တာပါ။ လမ်းပိုင်းမှာ ဒွေးလမ်း နှစ်လမ်းရှိရင် တစ်ဖက်ချင်း လုပ်သွား မှာဆိုတော့ တစ်လမ်းကို အဆင့်မြှင့်ချိန်မှာ ကျန်တဲ့လမ်းနဲ့ သွားရမှာပါ။ အစုန်၊ အဆန်က လမ်းတစ်လမ်းတည်းသုံးရမှာ ပါ။ ပေါင်းလို့ရတဲ့ရထားတွေ ပေါင်းလိုက်တယ်''ဟု မြန်မာ့ မီးရထား(မန္တလေး)မှ မန်နေဂျာ ဦးစံသာအောင်က ပြောသည်။
မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်နှင့် အမှတ်(၁) အဆန် ရထားဖြစ်သော စာပို့ရထားခရီးစဉ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကျန်ရှိသော ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို မူလအတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း၊ ထို့ပြင် ရထားအမှတ် (၉/၁၀) ရန်ကုန်-သာစည်၊ အမှတ် (၃၁/ ၃၂) ရန်ကုန်-နေပြည်တော်၊ အမှတ် (၃၅/ ၃၆)ရန်ကုန်-မော်လမြိုင်၊ အမှတ်(၁၆/ ၁၇) နေပြည်တော်-မော်လမြိုင် ရထားခရီးစဉ်များကို ယာယီ ဖျက်သိမ်းမည်ဖြစ်သည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံ ကိန်းကို JICA အကူအညီဖြင့် ၂၀၂၃ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်၍ စီမံကိန်းအကောင်အထည်ဖော် မှုကို နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း ပြီးစီးပါက ရန်ကုန်-မန္တလေး ခရီးစဉ်ကို ခြောက်နာရီကြာချိန်ဖြင့် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်) #Myanmar_Online_News

0 comments:

Post a Comment