<<Unicode>>
ကချင်ပြည်နယ်၌ လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိအောင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌပြောကြား
Monday, September 23, 2019
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်လွှတ်တော်၌ မဲဆန္ဒနယ် အနည်းဆုံး ၂၀ အနိုင်ရအောင်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအား ထိန်းကျောင်းသွားမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာမှ ပြောကြားလိုက်သည်။
ကချင်ပြည်နယ်အတွင်း၌ မြို့နယ် ၁၈ မြို့နယ်ရှိပြီး ပြည်နယ်လွှတ်တော်အတွက်မဲဆန္ဒနယ် ၃၆ နေရာအား ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ပြည်နယ်တွင်း အင်အားကြီးပါတီများဖြစ်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွှတ်ရေး နှင့်ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)တို့အား ပူးပေါင်းထားသည့် ပါတီဖြစ်သည်။
#KSPP #ကချင်ပြည်နယ် #ဒေါက်တာမနမ်တူးဂျာ #Myanmar_Online_News
0 comments:
Post a Comment