Monday, September 23, 2019

လူနာအမ်ိဳးသားတစ္ဦး သဃၤန္းကၽြန္းစံျပေဆးရံု ေလးလြွာမွ ခုန္ခ်ေသဆံုး

Image may contain: outdoor

စက္တင္ဘာ ၂၂ ရက္တြင္ သဃၤန္းကၽြန္းစံျပေဆးရံု၊ ဖ်ားနာကုသေဆာင္ (၁) ရွိ ေလးလႊာေပၚမွ လူနာအမ်ိဳးသားတစ္ဦး ခုန္ခ်ခဲ့ေသာေၾကာင့္ ဦးေခါင္းေနာက္ေစ့ ေပါက္ျပဲဒဏ္ရာႏွင့္ တင္ပဆံု၊ ခါးရုိးက်ိဳးေၾက ဒဏ္ရာျဖင့္ ေသဆံုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ေသဆံုးသူသည္ အသက္ ၃၅ ႏွစ္ အရြယ္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ျပီး ယာဥ္ေနာက္လိုက္တစ္ဦးျဖစ္ကာ ဝမ္းေလ်ာေရာဂါျဖစ္ေနေသာေၾကာင့္ သဃၤန္းကၽြန္းစံျပေဆးရံု၊ ဖ်ားနာကုသေဆာင္ (၁) ရွိ ေလးလႊာတြင္ ေဆးကုသမႈခံယူေနျပီး အရက္စြဲေနသူျဖစ္ေၾကာင္းႏွင့္ ေဆးကုသမႈခံယူေနစဥ္ ကေယာင္ေခ်ာက္ခ်ားျဖစ္ကာ ေအာ္ဟစ္လ်က္ ေဆးသြင္းပုိက္မ်ားကုိ ဆြဲျဖဳတ္ၿပီး ခုတင္ေပၚမွ ခုန္ဆင္း၍ ေျပးထြက္သြားကာ ဝရံတာတြင္ ကာရံထားေသာ မွန္တံခါးကုိ လက္သီးျဖင့္ထုိးခြဲၿပီး ေအာက္သုိ႔ ခုန္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
<<Unicode>>
လူနာအမျိုးသားတစ်ဦး သင်္ဃန်းကျွန်းစံပြဆေးရုံ လေးလွှာမှ ခုန်ချသေဆုံး
Monday, September 23, 2019

စက်တင်ဘာ ၂၂ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ဖျားနာကုသဆောင် (၁) ရှိ လေးလွှာပေါ်မှ လူနာအမျိုးသားတစ်ဦး ခုန်ချခဲ့သောကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် တင်ပဆုံ၊ ခါးရိုးကျိုးကြေ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
သေဆုံးသူသည် အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ယာဉ်နောက်လိုက်တစ်ဦးဖြစ်ကာ ဝမ်းလျောရောဂါဖြစ်နေသောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ဖျားနာကုသဆောင် (၁) ရှိ လေးလွှာတွင် ဆေးကုသမှုခံယူနေပြီး အရက်စွဲနေသူဖြစ်ကြောင်းနှင့် ဆေးကုသမှုခံယူနေစဉ် ကယောင်ချောက်ချားဖြစ်ကာ အော်ဟစ်လျက် ဆေးသွင်းပိုက်များကို ဆွဲဖြုတ်ပြီး ခုတင်ပေါ်မှ ခုန်ဆင်း၍ ပြေးထွက်သွားကာ ဝရံတာတွင် ကာရံထားသော မှန်တံခါးကို လက်သီးဖြင့်ထိုးခွဲပြီး အောက်သို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment