ဘဟားမားစ်နိုင်ငံတွင် ဒိုရီယန်ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Hubert Minnis က စက်တင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။
Minnis က သေဆုံးသူများမှာ ဘဟားမားစ်နိုင်ငံ မြောက်ပိုင်း အဘတ်ကိုကျွန်းများပေါ်တွင် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ထပ်မံမြင့်တက်နိုင်ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ပိုမိုတပ်ဖြန့်ထားကြောင်း Minnis က ပြောကြားခဲ့ပြီး သူခိုးများကိုလည်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
(Xinhua)
0 comments:
Post a Comment