လေယာဉ် လမ်းချော်မှုကြောင့် ရန်ကုန်လေဆိပ် ယာယီပိတ်ထားသဖြင့် ရန်ကုန်သို့ ဆင်းသက်မည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ် (၄) စီးသည် နေပြည်တော်လေဆိပ်တွင် ခေတ္တဆင်းသက်ရပ်နား၍ စောင့်ဆိုင်းလျက်ရှိကြောင်း မြန်မာ့လေကြောင်းလိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တပ်မတော်လေယာဉ်သည် လမ်းချော်မှုကြောင့် လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ထားရပြီး ရှင်းလင်းချိန် သုံးနာရီကြာမြင့်မည်ဖြစ်သောကြောင့် ယနေ့ နေ့လယ် ၂ နာရီခန့်အထိ ကွင်းပိတ်ထားရဖွယ်ရှိကြောင်း မြန်မာ့လေကြောင်းလိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo_MADA
0 comments:
Post a Comment