
ဧရာဝတီတိုင္းေဒသႀကီးရွိ အသစ္တိုးခ်ဲ႕ဖြဲ႕စည္းလိုက္ေသာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီးအသစ္ကို ခန႔္အပ္ရန္ အခ်ိန္ ႏွစ္လေက်ာ္ၾကာေနရာမွ ယေန႔က်င္းပေသာ ဧရာဝတီတိုင္းလႊတ္ေတာ္တြင္ အတည္ျပဳႏိုင္ခဲ့ေၾကာင္းသိရွိရသည္။
ဧရာဝတီတိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးအျဖစ္ ပုသိမ္မဲဆႏၵနယ္ ၁ မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိုးဝင္းကို ဝန္ႀကီးခ်ဳပ္ရဲ႕ နာမည္စာရင္းတင္သြင္းလာတဲ့အေပၚ လႊတ္ေတာ္မွ ကန႔္ကြက္သူမရွိတဲ့အတြက္ ယေန႔က်င္းပေသာ လႊတ္ေတာ္ပုံမွန္အစည္းအေဝးတြင္ အတည္ျပဳျခင္းျဖစ္သည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန အသစ္ဖြဲ႕စည္းရန္ႏွင့္ဝန္ႀကီးအသစ္ခန႔္အပ္ရန္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး ၁/၂၀၁၉ ကို ဇူလိုင္လဆန္းက ေခၚယူက်င္းပခဲ့ျခင္းျဖစ္ၿပီး ဝန္ႀကီးဌာနအသစ္ကိုသာဖြဲ႕စည္းႏိုင္ခဲ့ကာ ဝန္ႀကီးခ်ဳပ္မွ အမည္စာရင္းေပးပို႔ႏိုင္ျခင္းမရွိေသာေၾကာင့္ ဝန္ႀကီးအသစ္မခန႔္ႏိုင္ပဲ လႊတ္ေတာ္အစည္းအေဝးရပ္နားလိုက္ရကာ အခ်ိန္ ၂ လ အထိၾကာျမင့္ခဲ့ဲကာ ယေန႔က်င္းပေသာ လႊတ္ေတာ္ပံုမွန္အစည္းအေဝးတြင္အတည္ျပဳခန္႕အပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ေဒါက္တာစိုး၀င္းသည္ ရန္ကုန္ေဆးတကၠသိုလ္မွ ေဒါက္တာဘြဲ႕ကို ၁၉၇၉-ခုႏွစ္တြင္ ရရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ျပင္ပေဆးခန္းဖြင့္လွစ္ထားရွိၿပီး ျပည္သူမ်ား၏ မွတ္ပံုတင္ေရးရာကိစၥရပ္မ်ားႏွင့္ အလုပ္သမားကိစၥရပ္မ်ားကို ဦးစားေပးကိုင္တြယ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
<<Unicode>>
ဧရာဝတီတိုင်း လဝကဝန်ကြီးအသစ်မှ မှတ်ပုံတင်ရေးရာကိစ္စရပ်များနှင့် အလုပ်သမားကိစ္စရပ်များကို ဦးစားပေးကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား
Thursday, September 19, 2019
ဧရာဝတီတိုင်းဒေသကြီးရှိ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအသစ်ကို ခန့်အပ်ရန် အချိန် နှစ်လကျော်ကြာနေရာမှ ယနေ့ကျင်းပသော ဧရာဝတီတိုင်းလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ပုသိမ်မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းကို ဝန်ကြီးချုပ်ရဲ့ နာမည်စာရင်းတင်သွင်းလာတဲ့အပေါ် လွှတ်တော်မှ ကန့်ကွက်သူမရှိတဲ့အတွက် ယနေ့ကျင်းပသော လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အတည်ပြုခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန အသစ်ဖွဲ့စည်းရန်နှင့်ဝန်ကြီးအသစ်ခန့်အပ်ရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ကို ဇူလိုင်လဆန်းက ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအသစ်ကိုသာဖွဲ့စည်းနိုင်ခဲ့ကာ ဝန်ကြီးချုပ်မှ အမည်စာရင်းပေးပို့နိုင်ခြင်းမရှိသောကြောင့် ဝန်ကြီးအသစ်မခန့်နိုင်ပဲ လွှတ်တော်အစည်းအဝေးရပ်နားလိုက်ရကာ အချိန် ၂ လ အထိကြာမြင့်ခဲ့ဲကာ ယနေ့ကျင်းပသော လွှတ်တော်ပုံမှန်အစည်းအဝေးတွင်အတည်ပြုခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာစိုးဝင်းသည် ရန်ကုန်ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ၁၉၇၉-ခုနှစ်တွင် ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ပြင်ပဆေးခန်းဖွင့်လှစ်ထားရှိပြီး ပြည်သူများ၏ မှတ်ပုံတင်ရေးရာကိစ္စရပ်များနှင့် အလုပ်သမားကိစ္စရပ်များကို ဦးစားပေးကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#Myanmar_Online_News #ဧရာဝတီတိုင်းလွှတ်တော် #လဝကဝန်ကြီး






0 comments:
Post a Comment