

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕နယ္၊ ေမချမစ္ အေနာက္ဘက္၌ တရားမဝင္ ေရႊတူးေဖာ္ေနေၾကာင္း သတင္းအရ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္ စစ္ေဆးရာ စက္တင္ဘာ ၁၇ ရက္ နံနက္ ၈ နာရီခြဲခန္႔တြင္ တန္ဖဲေက်းရြာ၏ အေရွ႕ဘက္ ၂ မိုင္ခန္႔ အကြာ၌ တရားမဝင္ ေရႊေမ်ာလုပ္ကိုင္ရာတြင္ အသုံးျပဳသည့္ ဘက္ဟိုးယာဥ္ တစ္စီး၊ ပါဂ်ဲ႐ိုး အမ်ဳိးအစား ေမာ္ေတာ္ယာဥ္ တစ္စီး၊ အင္ဂ်င္မ်ဳိးစုံ ၁၁ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ခဲ့ပါသည္။
အလားတူ လုံၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၁၇ ရက္ ညေန ၃ နာရီခန္႔တြင္ တႏိုင္းၿမိဳ႕နယ္၊ ဒလူးေက်းရြာ၏ အေရွ႕ေတာင္ဘက္၁ မိုင္ခန္႔အကြာ၌ တရားမဝင္ ေရႊတူးေဖာ္ရာတြင္ အသံုးျပဳသည့္ ဆီပီပါခြံ ၁၇ လုံး၊ ဒီဇယ္ဂါလန္ ၂ဝဝ ပါ ပီပါ ေလးလုံး၊ မႈံအိုးႏွစ္လုံးတို႔ကို လည္းေကာင္း၊ ည ၆ နာရီခန္႔တြင္ ဒလူးေက်းရြာ၏ ေတာင္ဘက္ ၄ မိုင္ခန္႔အကြာ၌ ေလးလံုးထုိးအင္ဂ်င္ တစ္လုံး၊ ၄ ေပတြင္ခုံတစ္ခု၊ ၂ ေပတြင္ခုံ တစ္ခုႏွင့္ဗိုက္ခုံ တစ္ခုတို႔ကို လည္းေကာင္း ပိုင္ရွင္မဲ့ ထပ္မံသိမ္းဆည္း ရမိခဲ့ေၾကာင္း သိရွိရပါသည္။
သိမ္းဆည္းရမိ တရားမဝင္ပစၥည္းမ်ားကို ျမစ္ႀကီးနားခ႐ိုင္ ရဲတပ္ဖြဲ႕ႏွင့္ တႏုိင္းၿမိဳ႕မ ရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံ ခဲ့ေၾကာင္း သတင္းရရွိသည္။
<<unicode>>
ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Thursday, September 19, 2019
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်၊ မေခမြစ် အနောက်ဘက်၌ တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် တန်ဖဲကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့် အကွာ၌ တရားမဝင် ရွှေမျောလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် တစ်စီး၊ ပါဂျဲရိုး အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ အင်ဂျင်မျိုးစုံ ၁၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။
အလားတူ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီခန့်တွင် တနိုင်းမြို့နယ်၊ ဒလူးကျေးရွာ၏ အရှေ့တောင်ဘက်၁ မိုင်ခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆီပီပါခွံ ၁၇ လုံး၊ ဒီဇယ်ဂါလန် ၂ဝဝ ပါ ပီပါ လေးလုံး၊ မှုံအိုးနှစ်လုံးတို့ကို လည်းကောင်း၊ ည ၆ နာရီခန့်တွင် ဒလူးကျေးရွာ၏ တောင်ဘက် ၄ မိုင်ခန့်အကွာ၌ လေးလုံးထိုးအင်ဂျင် တစ်လုံး၊ ၄ ပေတွင်ခုံတစ်ခု၊ ၂ ပေတွင်ခုံ တစ်ခုနှင့်ဗိုက်ခုံ တစ်ခုတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရပါသည်။
သိမ်းဆည်းရမိ တရားမဝင်ပစ္စည်းများကို မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့နှင့် တနိုင်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။
#Myanmar_Online_News #ကချင် #တရားမဝင်ပစ္စည်း






0 comments:
Post a Comment