ေျမာင္းျမေဆးရံံုကို လာလွဴတဲ့အထဲမွာ ထူးျခားတဲ့အလွဴေလးေတြ ရွိပါတယ္။ ဒီေန႕ေတာ့ အဲဒီအထဲက တစ္ခုုကို တင္ျပပါရေစ။ တစ္ေန႕ ကၽြန္ေတာ့္ေဆးရံု ေရွ႕ကို္ ေထာ္လာဂ်ီ တစ္စင္း ဆိုက္လာပါတယ္။ ေထာ္လာဂ်ီေပၚမွာ ဆန္အိတ္ေတြ အျပည့္။ စုစုေပါင္း (၂၅)အိတ္။ စပါးေပၚခ်ိန္မွွာ ေဆးရံုအတြက္ ဆန္အိတ္ေတြ လာလွဴတာပါတဲ့။
ကၽြြန္ေတာ့္ေဆးရံုက လူနာတိုင္းကို ကရုဏာရွင္လူငယ္မ်ားအဖြဲ႕က အဖြဲ႕အလွဴေငြနဲ႕ ေန႕စဥ္ ဆန္ျပဳတ္ ၾကက္ဥ ေကြကာအာဟာရ တစ္ေန႕ ႏွစ္ၾကိမ္ေထာက္ပံ့ံေနပါတယ္။ ေန႕စဥ္ လူနာ (၃၀၀)ေလာက္ကိုိ ေထာက္ပံ့ေနတာပါ။ (ေဆးရံုက ကုတင္၂၀၀ ဆုိေပမယ့္ လူနာက ၃၀၀ ေက်ာ္ေနတာမ်ားပါတယ္။)
အခ်ိဳိ႕ေသာ လူနာေတြ၊ လူနာေစာင့္ေတြမွာေတာ့ ထမင္းေတာင္ ၀ယ္စားဖို႕ ခက္တဲ့ လူနာေတြ ပါပါတယ္။ သူတိို႕ေတြကိုေတာ့ ward ထဲက sister ၾကီးေတြ စာရင္းေကာက္ျပီး ေဆးရံုကေန ေန႕စဥ္ ထမင္းနဲ႕ဟင္း အလွဴေပးလ်က္ ရွိပါတယ္။ ( ဒါကေတာ့ လူနာတိုင္းကို ေပးတာ မဟုတ္ပါ။ တကယ္ အခက္အခဲ ရွိသူေတြကို ေကၽြးေမြးတဲ့ အစီအစဥ္ပဲ ျဖစ္ပါတယ္။)
အဲဒီလို ေကၽြးေမြးေနတဲ့ သတင္းကို ၾကားရလုိ႕ ေပသလပ္ကုန္း၊ ေတာင္ကြဲဲရြာက ကိုေဇာ္္ႏိုင္၀င္း+ မေအးျမတ္မြန္ မိသားစုက ဆန္အိိတ္ (၂၅)အိတ္ကို လာေရာက္လွဴဒါန္းသြားတာ ျဖစ္ပါတယ္။
အခုဆိုိ ႏြမ္းပါးသူ လူနာ လူနာေစာင့္ေတြက ပုိုမို အဆင္ေျပစြာ စားသံုးေနၾကပါျပီ။ ဆန္အိတ္ အလွဴရွင္ မိသားစုလည္း က်န္းမာခ်မ္းသာ လိုရာျပည့္ျပီး မေတာင့္မတ မေၾကာင့္ၾကတဲ့ ဘ၀လွလွေလးကို ထာ၀ရပိုင္ဆိုင္ႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္္။
<<unicode>>
မြောင်းမြဆေးရုံက လူနာတွေနဲ့ လူနာစောင့်တွေအတွက် ဆန် ၂၅ အိတ်် လာရောက်လှူဒါန်း
Tuesday, September 24, 2019
မြောင်းမြဆေးရံုံကို လာလှူတဲ့အထဲမှာ ထူးခြားတဲ့အလှူလေးတွေ ရှိပါတယ်။ ဒီနေ့တော့ အဲဒီအထဲက တစ်ခုကို တင်ပြပါရစေ။ တစ်နေ့ ကျွန်တော့်ဆေးရုံ ရှေ့ကို ထော်လာဂျီ တစ်စင်း ဆိုက်လာပါတယ်။ ထော်လာဂျီပေါ်မှာ ဆန်အိတ်တွေ အပြည့်။ စုစုပေါင်း (၂၅)အိတ်။ စပါးပေါ်ချိန်မှာ ဆေးရုံအတွက် ဆန်အိတ်တွေ လာလှူတာပါတဲ့။
ကျွန်တော့်ဆေးရုံက လူနာတိုင်းကို ကရုဏာရှင်လူငယ်များအဖွဲ့က အဖွဲ့အလှူငွေနဲ့ နေ့စဉ် ဆန်ပြုတ် ကြက်ဥ ကွေကာအာဟာရ တစ်နေ့ နှစ်ကြိမ်ထောက်ပံံ့နေပါတယ်။ နေ့စဉ် လူနာ (၃၀၀)လောက်ကို ထောက်ပံ့နေတာပါ။ (ဆေးရုံက ကုတင်၂၀၀ ဆိုပေမယ့် လူနာက ၃၀၀ ကျော်နေတာများပါတယ်။)
အချို့သော လူနာတွေ၊ လူနာစောင့်တွေမှာတော့ ထမင်းတောင် ဝယ်စားဖို့ ခက်တဲ့ လူနာတွေ ပါပါတယ်။ သူတို့တွေကိုတော့ ward ထဲက sister ကြီးတွေ စာရင်းကောက်ပြီး ဆေးရုံကနေ နေ့စဉ် ထမင်းနဲ့ဟင်း အလှူပေးလျက် ရှိပါတယ်။ ( ဒါကတော့ လူနာတိုင်းကို ပေးတာ မဟုတ်ပါ။ တကယ် အခက်အခဲ ရှိသူတွေကို ကျွေးမွေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။)
အဲဒီလို ကျွေးမွေးနေတဲ့ သတင်းကို ကြားရလို့ ပေသလပ်ကုန်း၊ တောင်ကွဲရွာက ကိုဇော်နိုင်ဝင်း+ မအေးမြတ်မွန် မိသားစုက ဆန်အိတ် (၂၅)အိတ်ကို လာရောက်လှူဒါန်းသွားတာ ဖြစ်ပါတယ်။
အခုဆို နွမ်းပါးသူ လူနာ လူနာစောင့်တွေက ပိုမို အဆင်ပြေစွာ စားသုံးနေကြပါပြီ။ ဆန်အိတ် အလှူရှင် မိသားစုလည်း ကျန်းမာချမ်းသာ လိုရာပြည့်ပြီး မတောင့်မတ မကြောင့်ကြတဲ့ ဘဝလှလှလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
0 comments:
Post a Comment