Tuesday, September 24, 2019

မႏၲေလးန္းၿမိဳ႕႐ိုးရွိ က်ဳံးလက္ရန္းေပၚ အဝတ္မ်ားလွန္းသည့္ကိစၥအား မန္းစည္ပင္မွ ခံဝန္ကတိလက္မွတ္ထိုးခိုင္းၿပီး သတိေပး

No photo description available.Image may contain: one or more people and outdoor

မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ၂၆ လမ္း၊ ၇၅ လမ္းႏွင့္ ၇၆ လမ္းၾကားရွိ မႏၱေလးနန္းၿမိဳ႕ရိုးက်ံဳးေဘးလက္ရန္းေပၚတြင္ ထဘီႏွင့္အဝတ္မ်ားလွန္းသည့္ကိစၥႏွင့္ပတ္သက္၍ ျပဳလုပ္သူမ်ားကို ခံဝန္ကတိလက္မွတ္ထိုးခိုင္း၍ သတိေပးထားၿပီးျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

"ေနာက္ထပ္ ဒီလိုမလုပ္ဖို႔ ခံဝန္ထိုးၿပီး သတိေပးၿပီးပါၿပီ။ ဒီကိစၥမွာ ခ်က္ခ်င္းသိလိုက္ရတာဆိုေတာ့ ခ်က္ခ်င္းသက္ဆိုင္တဲ့သူေတြကို သတိေပးလိုက္ပါတယ္။ ေနာက္ၿပီး ဒီကိစၥက online ေပၚ ျပန္႔သြားတာဆိုေတာ့ အမ်ားျပည္သူ သိသြားတယ္။ သိသြားေတာ့ ေနာက္ေတာ့ လုပ္လိမ့္မယ္မထင္ပါဘူးဗ်"ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ က ေျပာၾကားခဲ့သည္။
စက္တင္ဘာလ ၂၄ ရက္ နံနက္ပိုင္းတြင္ က်ဳံးလက္ရန္းေပၚ အဝတ္မ်ားလွန္းခဲ့သည့္ ကိစၥႏွင့္ပတ္သက္၍ လူမႈကြန္ယက္ေပၚတြင္ ေဝဖန္ေျပာဆိုမႈမ်ားရွိသည့္အတြက္ ျပဳလုပ္သူမ်ားျဖစ္သည့္ ဦးကိုကိုလတ္ အပါအဝင္ (၄) ဦးကို ေဖာ္ထုတ္ကာ ေခၚယူၿပီး ခံဝန္ကတိလက္မွတ္ ထိုးခိုင္းျခင္းျဖစ္သည္။
က်ဳံးေတာင္ဘက္တြင္ ပလပ္ေဖာင္းမ်ား အဆင့္ျမႇင့္တင္ျခင္းႏွင့္ အကာအရန္ စတီးလက္ရန္းမ်ား တပ္ျခင္းကို ေဖေဖာ္ဝါရီလထဲက ျပဳလုပ္ခဲ့ၿပီး ေငြက်ပ္သိန္း ၄၀၀၀ အကုန္အက်ခံကာ မႏၲေလးၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီေကာ္မတီ က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
<Unicode>
မန္တလေးန်းမြို့ရိုးရှိ ကျုံးလက်ရန်းပေါ် အဝတ်များလှန်းသည့်ကိစ္စအား မန်းစည်ပင်မှ ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး သတိပေး
Tuesday, September 24, 2019

မန္တလေး အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားရှိ မန္တလေးနန်းမြို့ရိုးကျုံးဘေးလက်ရန်းပေါ်တွင် ထဘီနှင့်အဝတ်များလှန်းသည့်ကိစ္စနှင့်ပတ်သက်၍ ပြုလုပ်သူများကို ခံဝန်ကတိလက်မှတ်ထိုးခိုင်း၍ သတိပေးထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"နောက်ထပ် ဒီလိုမလုပ်ဖို့ ခံဝန်ထိုးပြီး သတိပေးပြီးပါပြီ။ ဒီကိစ္စမှာ ချက်ချင်းသိလိုက်ရတာဆိုတော့ ချက်ချင်းသက်ဆိုင်တဲ့သူတွေကို သတိပေးလိုက်ပါတယ်။ နောက်ပြီး ဒီကိစ္စက online ပေါ် ပြန့်သွားတာဆိုတော့ အများပြည်သူ သိသွားတယ်။ သိသွားတော့ နောက်တော့ လုပ်လိမ့်မယ်မထင်ပါဘူးဗျ"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကျုံးလက်ရန်းပေါ် အဝတ်များလှန်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိသည့်အတွက် ပြုလုပ်သူများဖြစ်သည့် ဦးကိုကိုလတ် အပါအဝင် (၄) ဦးကို ဖော်ထုတ်ကာ ခေါ်ယူပြီး ခံဝန်ကတိလက်မှတ် ထိုးခိုင်းခြင်းဖြစ်သည်။
ကျုံးတောင်ဘက်တွင် ပလပ်ဖောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အကာအရန် စတီးလက်ရန်းများ တပ်ခြင်းကို ဖေဖော်ဝါရီလထဲက ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း ၄၀၀၀ အကုန်အကျခံကာ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီကော်မတီ က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment