Monday, September 9, 2019

ကလောမြို့နယ်တွင် ဆေးခြောက်များ ဖမ်းဆီးရမိ

Image may contain: food

ကလောမြို့နယ်၊ ရေယားကျေးရွာ အနီး၊ ကလော-သာစည် သွားကားလမ်းတွင် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအား ရှာဖွေစစ်ဆေးနေစဉ် ကလော ဘက်မှ သာစည်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ နေထက်လင်း ၃၆ နှစ် စီးနင်းမောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ် အတွင်းမှ ပလတ်စတစ်များဖြင့်ထုပ်ထားသော ဆေးခြောက်အလေးချိန် ၇.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၄.၆၈ သိန်း)အား စက်တင်ဘာလ ၈ ရက်နေ့ ၂၀၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၅)တောင်ကြီး မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

0 comments:

Post a Comment