
အနုပညာပျိုးခင်းမှ အနုပညာလောကမှာ ၁၀ စုနှစ်နီးပါး နာမည်ကြီးလာတဲ့သူမဟာ အနုပညာမျိုးရိုးမရှိပေမယ့် ခုဆိုရင် ထိတ်တန်းမင်းသမီးတွေထဲထိ ထိုးဖောက်ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ မန္တလေးမြို့ကနေ ရန်ကုန်မှာရှိတဲ့ အနုပညာလောကထဲထိ ခက်ခက်ခဲခဲ ၀င်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။
ရိုးသားဖော်ရွေတဲ့သူမကို အနုပညာရှင်တိုင်းကလည်း ချစ်ကြသလို ပရိသတ်ရဲ့ အချစ်ကိုလည်း အပြည့်အ၀ရရှိထားတဲ့သူပဲဖြစ်ပါတယ်။ ၀ါသနာနဲ့အလုပ်က တစ်ထပ်တည်းကျလို့ ပျော်ရွှင်ရပါတယ်လို့လည်း သူမကပြောပါတယ်။
မကြာခင်မှာလည်း ကယားပြည်နယ်မှာ ခရီးသွားကောက်ကြောင်း ၇ အတွက် သွားရောက်ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။









0 comments:
Post a Comment