Monday, September 16, 2019


Image may contain: 5 people, people standing


Image may contain: 4 people, people smiling, people standing
Image may contain: 5 people, people smiling

<Unicode>
ကျောက်တံတားမြို့နယ် မွတ်စ်လင်ကုသိုလ်ဖြစ် ဆေးရုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်လှူဒါန်း
Tuesday, September 17, 2019

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၊ မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သောအဖွဲ့က ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ မန္တလေးမြို့၊ ဂျွန်းဗလီ အခြေခံဘာသာရေးကျောင်းသို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆားနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့ကလည်း ပျဉ်းမနားမြို့ ဦးဂျေး ဂျာမေဗလီနဲ့ စိန့်မိုက်ကယ် ကက်သလစ်ခရစ်ယာန်ကျောင်းများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကာ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

0 comments:

Post a Comment