Tuesday, September 17, 2019

ငပုေတာၿမိဳ႕နယ္၊ မိေခ်ာင္းေဂါင္းရြာထဲသို႔ ေတာဆင္႐ိုင္းမ်ားဝင္ေရာက္ အစာ႐ွာသျဖင့္ ေနအိမ္တစ္လံုးပ်က္စီး

Image may contain: outdoorImage may contain: people sitting

ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊ သစ္ေရာင္းအုပ္စု၊မိေခ်ာင္းေ ဂါင္းေက်းရြာအတြင္းသို႔ စက္တင္ဘာလ ၁၆ ရက္ေန႔က ေတာဆင္႐ိုင္း မ်ားဝင္ေရာက္ အစာ႐ွာသျဖင့္ ေနအိမ္တစ္လံုးပ်က္စီးခ့ဲေၾကာင္း သတင္းရ႐ွိသည္။

ေတာဆင္႐ိုင္း ၃ ေကာင္မွာ စက္တင္ဘာ ၁၆ ရက္ နံနက္ ၁ နာရီ ၃ဝ မိနစ္ခန္႔အခ်ိန္တြင္ မိေခ်ာင္းေဂါင္းေက်းရြာအတြင္း ဝင္ေရာက္အစာ႐ွာရင္း ရြာထိပ္႐ွိ ဦးျမင့္ေဌးေနအိမ္ မီးဖိုေဆာင္ကို ဖ်က္ဆီးသြားခ့ဲျခင္းျဖစ္ေ ၾကာင္း သိရသည္။
"ေတာဆင္႐ိုင္းေတြက မနက္ပိုင္း ၁ ခ်က္တီးခြဲေလာက္မွာ ရြာထဲဝင္ လာၿပီး ရြာထိပ္က အိမ္ကို ဝင္ဖ်က္သြားတာ။ အိမ္တစ္လံုးေတာ့ မီးဖိုေ ဆာင္ ပ်က္စီးသြားတယ္။ လူေသေၾက ဒဏ္ရာရတာေတာ့ မ႐ွိပါ ဘူး"ဟု သစ္ေရာင္းေက်းရြာအုပ္စုစာေရး ဦးေက်ာ္ထိန္က ဧရာဝတီတိုင္းမ္ကို ေျပာသည္။
ေတာဆင္႐ိုင္းမ်ားမွာ အစာေရစာ ႐ွားပါးခ်ိန္ႏွင့္ ဆင္သတ္မုဆိုးမ်ား သတ္ျဖတ္ ရန္ ေနာက္ကလိုက္လာသည့္အခ်ိန္မ်ားတြင္ လူေနေက်းရြာ မ်ားအနီး လာေရာက္ေနထိုင္ေလ့႐ွိေၾကာင္း သိရသည္။
လတ္တေလာတြင္ ငပုေတာၿမိဳ႕နယ္၌ မိေက်ာင္းေဂါင္းရြာႏွင့္ တင္းေခ်ာင္း အုပ္စု သရက္စမ္းေက်းရြာမ်ားအနီးတြင္ ေတာဆင္႐ိုင္းမ်ား ခိုေအာင္းကာ စိုက္ခင္းမ်ားကို ဝင္ေရာက္စားေသာက္မႈမ်ား ျဖစ္ပြားေနေၾကာင္း ေဒသခံ မ်ားထံမွ သိရသည္။

<<Unicode>>
ငပုတောမြို့နယ်၊ မိချောင်းဂေါင်းရွာထဲသို့ တောဆင်ရိုင်းများဝင်ရောက် အစာရှာသဖြင့် နေအိမ်တစ်လုံးပျက်စီး
Tuesday,September 17, 2019

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သစ်ရောင်းအုပ်စု၊မိချောင်းေ ဂါင်းကျေးရွာအတွင်းသို့ စက်တင်ဘာလ ၁၆ ရက်နေ့က တောဆင်ရိုင်း များဝင်ရောက် အစာရှာသဖြင့် နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
တောဆင်ရိုင်း ၃ ကောင်မှာ စက်တင်ဘာ ၁၆ ရက် နံနက် ၁ နာရီ ၃ဝ မိနစ်ခန့်အချိန်တွင် မိချောင်းဂေါင်းကျေးရွာအတွင်း ဝင်ရောက်အစာရှာရင်း ရွာထိပ်ရှိ ဦးမြင့်ဌေးနေအိမ် မီးဖိုဆောင်ကို ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ေ ကြာင်း သိရသည်။
"တောဆင်ရိုင်းတွေက မနက်ပိုင်း ၁ ချက်တီးခွဲလောက်မှာ ရွာထဲဝင် လာပြီး ရွာထိပ်က အိမ်ကို ဝင်ဖျက်သွားတာ။ အိမ်တစ်လုံးတော့ မီးဖိုေ ဆာင် ပျက်စီးသွားတယ်။ လူသေကြေ ဒဏ်ရာရတာတော့ မရှိပါ ဘူး"ဟု သစ်ရောင်းကျေးရွာအုပ်စုစာရေး ဦးကျော်ထိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောဆင်ရိုင်းများမှာ အစာရေစာ ရှားပါးချိန်နှင့် ဆင်သတ်မုဆိုးများ သတ်ဖြတ် ရန် နောက်ကလိုက်လာသည့်အချိန်များတွင် လူနေကျေးရွာ များအနီး လာရောက်နေထိုင်လေ့ရှိကြောင်း သိရသည်။
လတ်တလောတွင် ငပုတောမြို့နယ်၌ မိကျောင်းဂေါင်းရွာနှင့် တင်းချောင်း အုပ်စု သရက်စမ်းကျေးရွာများအနီးတွင် တောဆင်ရိုင်းများ ခိုအောင်းကာ စိုက်ခင်းများကို ဝင်ရောက်စားသောက်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံ များထံမှ သိရသည်။

0 comments:

Post a Comment