ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၂၂ ရက္ နံနက္ ၈ နာရီခြဲခန္႔တြင္ ေဗာဓိကုန္းရဲကင္း စခန္းအနီး ေမာင္ေတာ-အငူေမာ္သြားကားလမ္း၏ အေရွ႕ဘက္ ၄ ေပခန္႔အကြာ၌ မသကၤာဖြယ္အထုပ္တစ္ထုပ္ ေတြ႕ရွိေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ ပလတ္စတစ္အနက္ေရာင္ျဖင့္ ထုပ္ပိုးထားသည့္ လက္လုပ္ေရွ႕ထြက္ႀကီးၾကပ္မုိင္းတစ္လံုး၊ စနက္တံႏွစ္ေခ်ာင္း၊ ဓာတ္ခဲအေသးႏွစ္လံုး၊ ရီမုဆားကစ္တစ္ခု၊ ဆက္စပ္ဝါယာႀကိဳးမ်ားျဖင့္ အသက္သြင္းထားေၾကာင္း ေတြ႕ရွိရသျဖင့္ ေဒသခံျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး မုိင္းရွင္းလင္းေရးအဖြဲ႕ျဖင့္ သက္မဲ့ျပဳလုပ္ သိမ္းဆည္းခဲ့ေၾကာင္း သတင္းရရိွသည္။
<Unicode>
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော-အငူ မော်သွားကားလမ်းပေါ်၌ မိုင်းတစ်လုံး တွေ့ရှိ
Tuesday, September 24, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဗောဓိကုန်းရဲကင်း စခန်းအနီး မောင်တော-အငူမော်သွားကားလမ်း၏ အရှေ့ဘက် ၄ ပေခန့်အကွာ၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ် တွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပလတ်စတစ်အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် လက်လုပ်ရှေ့ထွက်ကြီးကြပ်မိုင်းတစ်လုံး၊ စနက်တံနှစ်ချောင်း၊ ဓာတ်ခဲအသေးနှစ်လုံး၊ ရီမုဆားကစ်တစ်ခု၊ ဆက်စပ်ဝါယာကြိုးများဖြင့် အသက်သွင်းထားကြောင်း တွေ့ရှိရသဖြင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေး မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment