ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပုံးအင္းေဒသ(ထုင့္ပူင္း) တြင္ ေအာက္တိုဘာလ ၅ရက္ မွ ၆ရက္ေန့အထိ ေက်း႐ြာေပါင္း၂၆႐ြာမွ ၿပိဳင္ပြဲဝင္ေလွ ၈၀စီးေက်ာ္ ဝင္ေရာက္ယွဥ္ျပိုင္မည့္ ဆဌမအႀကိမ္ေျမာက္ ႐ွမ္း႐ုိးရာေလွေလွာ္ၿပိဳင္ပြဲကို ၂ရက္ၾကာ က်င္းပျပဳလုပ္သြားမွာျဖစ္ေျကာင္း ပြဲက်င္းပေရးေကာ္မတီထံမွ သိရွိရသည္။
ၿပိဳင္ပြဲတြင္ အလြတ္တန္း ၆တက္ေလွာ္၊ အလြတ္တန္း ၄တက္ေလွာ္၊ အမ်ိဴးသမီး၅တက္ေလွာ္နဲ႔ မ်ိဳးဆက္သစ္ ၆တက္ေလွာ္ စတဲ့ၿပိဳင္ပြဲ ၄မ်ိဳး ပါဝင္မွာ ျဖစ္ၿပီး ပထမရရိွတဲ့အသင္းကို ဒိုင္းဆုနဲ႔ ဆုေငြ၂သိန္းက်ပ္၊ ဒုတိယရရိွတဲ့အသင္းကို တစ္သိန္းခြဲ က်ပ္၊ တတိယရရိွတဲ့အသင္းကို ၁သိန္းက်ပ္ ေပးအပ္ခ်ီးျမႇင့္သြားမွာ ျဖစ္တယ္လို႔ သိရွိရသည္။
ပုံးအင္းေဒသ(ထုင့္ပူင္း)ေဒသသည္ ေတာင္ႀကီး- ေနာင္မြန္-ဘန္းယဥ္သြား ကားလမ္းေဘးအနီးတြင္တည္ရိွေသာေဒသတစ္ခုျဖစ္ၿပီး ရွမ္းလူမ်ိဳးအမ်ားစုေနထိုင္ၾကတဲ့ ေဒသတစ္ခုျဖစ္တယ္လို႔လည္း သိရိွရပါသည္။
<<Unicode>>
ဆဌမအကြိမ်မြောက် ပုံးအင်းဒေသ(ထုင့်ပူင်း)ရှမ်းရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပပြုလုပ်မည်
Tuesday, September 24, 2019
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုံးအင်းဒေသ(ထုင့်ပူင်း) တွင် အောက်တိုဘာလ ၅ရက် မှ ၆ရက်နေ့အထိ ကျေးရွာပေါင်း၂၆ရွာမှ ပြိုင်ပွဲဝင်လှေ ၈၀စီးကျော် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆဌမအကြိမ်မြောက် ရှမ်းရိုးရာလှေလှော်ပြိုင်ပွဲကို ၂ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။
ပြိုင်ပွဲတွင် အလွတ်တန်း ၆တက်လှော်၊ အလွတ်တန်း ၄တက်လှော်၊ အမျိူးသမီး၅တက်လှော်နဲ့ မျိုးဆက်သစ် ၆တက်လှော် စတဲ့ပြိုင်ပွဲ ၄မျိုး ပါဝင်မှာ ဖြစ်ပြီး ပထမရရှိတဲ့အသင်းကို ဒိုင်းဆုနဲ့ ဆုငွေ၂သိန်းကျပ်၊ ဒုတိယရရှိတဲ့အသင်းကို တစ်သိန်းခွဲ ကျပ်၊ တတိယရရှိတဲ့အသင်းကို ၁သိန်းကျပ် ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရှိရသည်။
ပုံးအင်းဒေသ(ထုင့်ပူင်း)ဒေသသည် တောင်ကြီး- နောင်မွန်-ဘန်းယဉ်သွား ကားလမ်းဘေးအနီးတွင်တည်ရှိသောဒေသတစ်ခုဖြစ်ပြီး ရှမ်းလူမျိုးအများစုနေထိုင်ကြတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရှိရပါသည်။
0 comments:
Post a Comment