ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Moon Jae-in နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၄-၉-၂၀၁၉ ရက်နေ့၊ နံနက် (၁၀၅၀)နာရီအချိန်တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်(ဆက်ဆံရေးဝန်ကြီး)နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်နှင့်ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်စင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကိုရီးယားသမ္မတနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၂၀၀)ဦးခန့်လည်း လိုက်ပါလာပါကြောင်းနှင့် ရန်ကုန်မြို့တွင် ကျင်းပမည့် မြန်မာ-ကိုရီးယား Business Forum သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment