Tuesday, September 3, 2019

ကြံ့ခိုင်ရေးအမတ် တင်သွင်းသည့် ဥပဒေမူကြမ်းကို ၄၅ ဦးကော်မတီတွင် ထည့်သွင်း

Image may contain: 1 person, indoorNo photo description available.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိတ္တီလာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာမောင်သင်းအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသည့်အစည်းဝေးတွင် ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ထောက်ခံဆန္ဒမဲပေးသူ ၃၇၆ ဦးရှိပြီး ကန့်ကွက်သူ ၂၀၃ ဦး၊ ကြားနေမဲပေးသူက လေးဦးနဲ့ ယင်းကော်မတီ တွင်ထည့်သွင်းရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက ဦးတီခွန်မြတ်ကအတည်ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါမူကြမ်းကို မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာမောင်သင်းအပါအဝင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးကဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၃ပြင်ဆင်သည့် ဥပဒေမူကြမ်းကို နာယကမှ အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment