Thursday, September 19, 2019

ဧရာဝတီျမစ္ အတြင္း ပုံမွန္ကင္းလွည့္ေနၿခင္းေၾကာင့္ေလွ်ာ့တိုက္ငါးဖမ္းမွဳ ေလ်ာ့နည္းလာ

Image may contain: outdoor and water

လင္းပိုင္ထိန္းသိမ္းေရးဧရိယာ (ဧရာ၀တီျမစ္) မႏၱေလး-ဗန္းေမာ္ အထိပူးေပါင္းအဖြဲ႔ျဖင့္ တစ္လလွ်င္ နွစ္ၾကိမ္ပံုမွန္ကင္းလွည့္ေဆာင္ရြက္ေနသျဖင့္ ေလွ်ာ့တိုက္ငါးဖမ္းမွဳမ်ား ေလ်ာ့နည္းလာသည္ဟု WCS မွ လင္းပိုင္ထိန္းသိမ္းေရး ဦးေက်ာ္လွသိန္းကေျပာသည္။

ေလ်ာ့တိုက္ငါးဖမ္းမွဳမ်ားေၾကာင့္ ဧရာ၀တီလင္းပိုင္မ်ား ေသဆံုးမွဳမ်ားရွိေနသျဖင့္ ငါးလုပ္ငန္းဦးစီးဌာန၊ WCS ( သားငွက္ထိန္းသိမ္းေရး) နွင့္ ေရေၾကာင္းရဲတပ္ဖြဲ႔ခြဲ(မႏၱေလး)တို႔ ပူးေပါင္းအဖြဲ႕သည္ လင္းပိုင္ထိန္းသိမ္းေရး ဧရိယာ ျမစ္ေၾကာင္းတေလ်ာက္ ကင္းလွည့္ျခင္း၊ ပညာေပးျခင္းတို႕ေဆာင္ရြက္ေနသည္ဟုဆိုသည္။
“ရွားပါးဧရာ၀တီလင္းပိုင္ေတြ ေသဆံုးမွဳမွာ ေလွ်ာ့တိုက္ခံရတာေတြ ေတြ႔ရတယ္။ အရင္က ေန႔ဘက္မွာေတာင္ ေလွ်ာ့တိုက္ငါးဖမ္းၾကတယ္။ ေရေၾကာင္းရဲတပ္ဖြဲ႔ပါလာျပီး အင္အားေကာင္း လာသလို ပညာေပးနဲ႔ ဖမ္းဆီးအေရးယူတာေတြ လုပ္ေတာ့ က်ေနာ္တို႔လာရင္ ထြက္ေျပးၾကတယ္။ ခု ေနာက္ပိုင္း မွာ ေတာ္ေတာ္ ေလ်ာ့ပါးသြားျပီ”ဟု WCS မွ လင္းပိုင္ထိန္းသိမ္းေရး ဦးေက်ာ္လွသိန္း ကေျပာသည္။
၂၀၁၈ ခုနွစ္မွာ မႏၱေလးနွင့္ေက်ာက္ေျမာင္း ၾကား လင္းပိုင္ထိန္းသိမ္းေရး ဧရိယာတြင္ ဘက္ထရီေလွ်ာ့တိုက္ ငါးဖမ္းေလွ ၃၂ စီး ၊ က်ဴးလြန္သူ ၁၀ ဦး၊ တတိယျမစ္က်ဥ္းအထက္ မလယ္ႏွင့္ဗန္းေမာ္ၾကား ေလွ်ာ့တိုက္ငါးဖမ္းစက္ေလွ ၁၈ စီး ၊ က်ဴးလြန္သူ ၈ ဦးကို တရားစြဲဆိုနိဳင္ခဲ့ ေၾကာင္း သိရသည္။
၂၀၁၉ ခုနွစ္ ဇန္န၀ါရီမွ ဇူလိုင္ ထိ ေရေၾကာင္းရဲတပ္ဖြဲ႔ခြဲ(မႏၱေလး)မွရရွိသည့္ စာရင္းမ်ားအရ ေလွ်ာ့တိုက္ ငါးဖမ္းစက္ေလွ ၂၄ စီးအေရးယူခဲ့သည္ ဟုသိရသည္။
အိမို႔မုိ႔ခုိင္
<Unicode>
ဧရာဝတီမြစ် အတွင်း ပုံမှန်ကင်းလှည့်နေခြင်းကြောင့်လျှော့တိုက်ငါးဖမ်းမှု လျော့နည်းလာ
Friday, September 20, 2019

လင်းပိုင်ထိန်းသိမ်းရေးဧရိယာ (ဧရာဝတီမြစ်) မန္တလေး-ဗန်းမော် အထိပူးပေါင်းအဖွဲ့ဖြင့် တစ်လလျှင် နှစ်ကြိမ်ပုံမှန်ကင်းလှည့်ဆောင်ရွက်နေသဖြင့် လျှော့တိုက်ငါးဖမ်းမှုများ လျော့နည်းလာသည်ဟု WCS မှ လင်းပိုင်ထိန်းသိမ်းရေး ဦးကျော်လှသိန်းကပြောသည်။
လျော့တိုက်ငါးဖမ်းမှုများကြောင့် ဧရာဝတီလင်းပိုင်များ သေဆုံးမှုများရှိနေသဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ WCS ( သားငှက်ထိန်းသိမ်းရေး) နှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)တို့ ပူးပေါင်းအဖွဲ့သည် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ မြစ်ကြောင်းတလျောက် ကင်းလှည့်ခြင်း၊ ပညာပေးခြင်းတို့ဆောင်ရွက်နေသည်ဟုဆိုသည်။
“ရှားပါးဧရာဝတီလင်းပိုင်တွေ သေဆုံးမှုမှာ လျှော့တိုက်ခံရတာတွေ တွေ့ရတယ်။ အရင်က နေ့ဘက်မှာတောင် လျှော့တိုက်ငါးဖမ်းကြတယ်။ ရေကြောင်းရဲတပ်ဖွဲ့ပါလာပြီး အင်အားကောင်း လာသလို ပညာပေးနဲ့ ဖမ်းဆီးအရေးယူတာတွေ လုပ်တော့ ကျနော်တို့လာရင် ထွက်ပြေးကြတယ်။ ခု နောက်ပိုင်း မှာ တော်တော် လျော့ပါးသွားပြီ”ဟု WCS မှ လင်းပိုင်ထိန်းသိမ်းရေး ဦးကျော်လှသိန်း ကပြောသည်။
၂၀၁၈ ခုနှစ်မှာ မန္တလေးနှင့်ကျောက်မြောင်း ကြား လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတွင် ဘက်ထရီလျှော့တိုက် ငါးဖမ်းလှေ ၃၂ စီး ၊ ကျူးလွန်သူ ၁၀ ဦး၊ တတိယမြစ်ကျဉ်းအထက် မလယ်နှင့်ဗန်းမော်ကြား လျှော့တိုက်ငါးဖမ်းစက်လှေ ၁၈ စီး ၊ ကျူးလွန်သူ ၈ ဦးကို တရားစွဲဆိုနိုင်ခဲ့ ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ထိ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှရရှိသည့် စာရင်းများအရ လျှော့တိုက် ငါးဖမ်းစက်လှေ ၂၄ စီးအရေးယူခဲ့သည် ဟုသိရသည်။
အိမို့မို့ခိုင်
#Myanmar_Online_News

0 comments:

Post a Comment