

Maldives International Future Series ၾကက္ေတာင္ၿပိဳင္ပြဲဟာကမၻာ့ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က သတ္မွတ္ေပးထားတဲ့ ျပိဳင္ပြဲေတြထဲမွာ အဆင့္နိမ့္ဆံုး (Level 4 ) ျပိဳင္ပြဲမ်ိဳး ျဖစ္လို႔ အေရွ႕ေတာင္ အာရွက ထိပ္တန္း ၾကက္ေတာင္ ကစားသမားေတြေတာင္ လာေရာက္ ယွဥ္ျပိဳင္ခဲ့ျခင္း မရွိခဲ့ပါဘူး။
ဒါေၾကာင့္ ဒီျပိဳင္ပြဲ ရဲ႕ အမ်ိဳးသမိး ၾကက္ေတာင္မယ္ေတြ ထဲမွာ သက္ထားသူဇာက ကမၻာ့အဆင့္ သတ္မွတ္ခ်က္ အျမင့္ဆံုး ျဖစ္ခဲ့တာေၾကာင့္ ၊ ဘိုင္ ရျပီး ရႈံးထြက္ အဆင့္ကေန ယွဥ္ျပိဳင္ခဲ့ရတာပါ။
သက္ထားသူဇာနဲ႕ လႈိင္မြန္ၾကဴ တို႔ႏွစ္ေယာက္က ဒီေန႔ ညေန ၅ နာရီ ၃၀ မိနစ္မွာ Double ပြဲစဥ္ အျဖစ္ Sri Lanka အတြဲႏွင့္ စတင္ကစားရမွာျဖစ္ပါတယ္။
မေန႔ က ကစားခဲ့တဲ့ အမ်ိဳးသမီး တစ္ဦးခ်င္း ၊ 16 ေယာက္အဆင့္ ရႈံးထြက္ ျပိဳင္ပြဲမွာ သက္ထားသူဇာ ဟာ ျပိဳင္ဘက္ ယိဇုဂ်ိဳး (ကမၻာ့အဆင့္ 754) ကို 21-8 ၊ 21-16 နဲ႔ 2 ပြဲျပတ္ အႏိုင္ရရွိသြားျပီး ၊ ကြာတား ဖိုင္နယ္ အဆင့္ကို တက္ေရာက္သြားခဲ့ျပီး ဒီေန႔မွာပဲ သက္ထားသူဇာက Single ပြဲ(Quater Final) ပြဲအျဖစ္ double ပြဲမွာ ယွဥ္ျပဳိင္ကစားခဲ့တဲ့ Sri Lanka ကစားသမား HENDAHEWA နဲ႔ပဲ ဆက္လက္ယွဥ္ျပဳိင္ရမွာ ျဖစ္ပါတယ္။
<<unicode>>
သက်ထားသူဇာနဲ့ လှိုင်မွန်ကြူ ဒီနေ့ ဆက်လက်ယှဉ်ပြိုင်မည်
Friday, September 20, 2019
Maldives International Future Series ကြက်တောင်ပြိုင်ပွဲဟာကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ပေးထားတဲ့ ပြိုင်ပွဲတွေထဲမှာ အဆင့်နိမ့်ဆုံး (Level 4 ) ပြိုင်ပွဲမျိုး ဖြစ်လို့ အရှေ့တောင် အာရှက ထိပ်တန်း ကြက်တောင် ကစားသမားတွေတောင် လာရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် ဒီပြိုင်ပွဲ ရဲ့ အမျိုးသမိး ကြက်တောင်မယ်တွေ ထဲမှာ သက်ထားသူဇာက ကမ္ဘာ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံး ဖြစ်ခဲ့တာကြောင့် ၊ ဘိုင် ရပြီး ရှုံးထွက် အဆင့်ကနေ ယှဉ်ပြိုင်ခဲ့ရတာပါ။
သက်ထားသူဇာနဲ့ လှိုင်မွန်ကြူ တို့နှစ်ယောက်က ဒီနေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှာ Double ပွဲစဉ် အဖြစ် Sri Lanka အတွဲနှင့် စတင်ကစားရမှာဖြစ်ပါတယ်။
မနေ့ က ကစားခဲ့တဲ့ အမျိုးသမီး တစ်ဦးချင်း ၊ 16 ယောက်အဆင့် ရှုံးထွက် ပြိုင်ပွဲမှာ သက်ထားသူဇာ ဟာ ပြိုင်ဘက် ယိဇုဂျိုး (ကမ္ဘာ့အဆင့် 754) ကို 21-8 ၊ 21-16 နဲ့ 2 ပွဲပြတ် အနိုင်ရရှိသွားပြီး ၊ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပြီး ဒီနေ့မှာပဲ သက်ထားသူဇာက Single ပွဲ(Quater Final) ပွဲအဖြစ် double ပွဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ Sri Lanka ကစားသမား HENDAHEWA နဲ့ပဲ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
#Myanmar_Online_News #THETHTARThuzar






0 comments:
Post a Comment