Wednesday, September 18, 2019

ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေမာ္ျဖားေက်းရြာေန အျပစ္မဲ့ျပည္သူတစ္ဦးအား အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အေၾကာင္းမဲ့ ဖမ္းဆီးသတ္ျဖတ္

Image may contain: text
ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေမာ္ျဖားေက်းရြာေန အျပစ္မဲ့ျပည္သူတစ္ဦးအား အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အေၾကာင္းမဲ့ ဖမ္းဆီးသတ္ျဖတ္ ခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ထားသည္။

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေမာ္ျဖားေက်းရြာမွ ဦးျဖဴေခ် (ဘ)ဦးေက်ာ္ႏိုင္ႏွင့္ သားျဖစ္သူ ျဖဴဇင္ေအာင္တို႔ႏွစ္ဦးသည္ စက္တင္ဘာ ၁၄ ရက္ နံနက္ ၄ နာရီခန္႔တြင္ ေက်းရြာ၏ အေရွ႕ေျမာက္ဘက္ပင္လယ္ျပင္အတြင္း စက္ေလွတစ္စင္းစီျဖင့္ ငါးဖမ္းပိုက္ခ်ေနစဥ္ ေသာင္းက်န္းသူ(စိစစ္ဆဲ)အဖြဲ႕မွ အရပ္ဝတ္ ဝတ္ဆင္ထားသူ ၁၅ ဦးက စက္ေလွႏွစ္စင္းျဖင့္ ေရာက္ရွိလာကာ ဦးျဖဴေခ်အား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးေခၚေဆာင္သြားျခင္းခံရေသာ ဦးျဖဴေခ်အား စက္တင္ဘာ ၁၆ ရက္မြန္းလြဲ ၁ နာရီခြဲခန္႔တြင္ ေမာ္ျဖားေက်းရြာ၏ အေနာက္ ေျမာက္ဘက္၌ ဦးေခါင္းဓားခုတ္ဒဏ္ရာ၊ လည္ပင္းဘယ္/ညာထိုးသြင္း ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္း ေတြ႕ရွိရသျဖင့္ ေက်ာက္ျဖဴၿမိဳ႕ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္၍ လုပ္ထံုးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္ လ်က္ရွိေၾကာင္းလည္း သိရသည္။
#တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး
ကျောက်ဖြူမြို့နယ်၊ မော်ဖြားကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

ကျောက်ဖြူမြို့နယ်၊ မော်ဖြားကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မော်ဖြားကျေးရွာမှ ဦးဖြူချေ (ဘ)ဦးကျော်နိုင်နှင့် သားဖြစ်သူ ဖြူဇင်အောင်တို့နှစ်ဦးသည် စက်တင်ဘာ ၁၄ ရက် နံနက် ၄ နာရီခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ပင်လယ်ပြင်အတွင်း စက်လှေတစ်စင်းစီဖြင့် ငါးဖမ်းပိုက်ချနေစဉ် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသူ ၁၅ ဦးက စက်လှေနှစ်စင်းဖြင့် ရောက်ရှိလာကာ ဦးဖြူချေအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဦးဖြူချေအား စက်တင်ဘာ ၁၆ ရက်မွန်းလွဲ ၁ နာရီခွဲခန့်တွင် မော်ဖြားကျေးရွာ၏ အနောက် မြောက်ဘက်၌ ဦးခေါင်းဓားခုတ်ဒဏ်ရာ၊ လည်ပင်းဘယ်/ညာထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment