
📩 ရှမ်းယူနိုက်တက်အသင်း၏ အောင်မြင်မှုအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ မစ္စတာအင်ဖန်တီနိုက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံသို့ ပေးပို့လာသည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ
✉️✉️✉️✉️✉️
📜 ရှမ်းယူနိုက်တက်အက်ဖ်စီအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ
🖌 မြန်မာလိဂ်ရဲ့ ချန်ပီယံဆုကို ရှမ်းယူနိုက်တက်အက်ဖ်စီက ဆွတ်ခူးရရှိခဲ့ကြောင်း ကြားသိရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ၂၀၁၇ ခုနှစ်မှာ ချန်ပီယံဆု ရရှိနိုင်ခဲ့သလို ယခုတစ်ခါ ဒုတိယအကြိမ်မြောက် ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပြန်တဲ့အတွက် ရှမ်းယူနိုက်တက်ကို ၀မ်းမြောက်ဝမ်းသာဖြင့် ဂုဏ်ပြုလိုက်ပါတယ်။
🖌 ဒီအောင်မြင်မှုဟာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့မှုရဲ့ ရလဒ်ဖြစ်ပြီး ပူးပေါင်းပါဝင်ခဲ့သူအားလုံးဟာ ဒီအောင်မြင်မှုကြီးအတွက် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ကစားသမားများ၊ နည်းပြ၊ စီမံအုပ်ချုပ်ရေးဝန်ထမ်းများ၊ နည်းစနစ်ပိုင်းဆိုင်ရာ ဆေးဝါးဆိုင်ရာ ၀န်ထမ်းများနဲ့ ပရိသတ်များကို ကျွနု်ပ်က ဂုဏ်ယူဝမ်းမြောက်ပါကြောင်း တဆင့်ပြောကြား ပေးစေလိုပါတယ်။ ကြံ့ခိုင်သောစိတ်ဓာတ်၊ ထက်သန်သောအားထုတ်မှုတို့နဲ့ ရှေ့ဆက်ကြိုးပမ်းကြဖို့ကိုလည်း ကျွနု်ပ်အားပေးလိုက်ပါတယ်။
🖌 ကျွနု်ပ်တို့အားလုံးကို တစ်သွေးတည်းတစ်သားတည်းဖြစ်စေတဲ့ ချစ်မြတ်နိုးစရာ ဘောလုံးအားကစားကို လူအများပါဝင်ပတ်သက်လာအောင် တွန်းအားပေးနိုင်တဲ့အတွက်၊ ဘောလုံးအားကစားရဲ့ အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်ကို ဖြန့်ဝေပေးတဲ့အတွက် ရှမ်းယူနိုက်တက်အက်ဖ်စီနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို နိုင်ငံတကာဘောလုံးအသိုင်းအ၀ိုင်းကြီးရဲ့ ကိုယ်စား ကျေးဇူးတင်စကား ဆိုလိုက်ရပါတယ်။
- အင်ဖန်တီနို (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ)






0 comments:
Post a Comment