စက္တင္ဘာလ ၂၀ရက္ေန့တြင္ ကရင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၅) မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းသန္းႏိုင္အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄၅) ဦးက "အမ်ိဳးသားကာကြယ္ေရးႏွင့္ လံုျခံဳေရးေကာင္စီ" ၏ အခြင့္အာဏာမ်ားအနက္ လႊတ္ေတာ္မ်ားအား ဖ်က္သိမ္းရန္အျကံေပးႏိုင္သည့္ အခြင့္အာဏာ ေပးအပ္ရန္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သင့္ေၾကာင္း ဥပေဒျကမ္းတစ္ရပ္အား တင္သြင္းခဲ့ေျကာင္း ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ အသိေပးေျပာၾကားခဲ့သည္။
လက္ရွိ ဖြဲ႕စည္းပံုအေျခခံဥပေဒတြင္ "ကာ/လံု" အစည္းအေဝးကို က်င္းပလိုပါက ႏိုင္ငံေတာ္ သမၼတက ဦးေဆာင္ေခၚယူ က်င္းပရမည္ဟု ျပဌာန္းပါရွိၿပီး "ကာ/လံု" ေကာင္စီတြင္ တပ္မေတာ္ဘက္မွ (၆) ဦး၊ ျပည္သူမ်ားမွ ေရြးေကာက္သူမ်ားဘက္မွ (၅) ဦး၊ စုစုေပါင္း (၁၁) ဦးပါဝင္ေၾကာင္း သိရိွရသည္။
အဆိုပါ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပင္ဆင္ရန္ အဆိုျပဳခ်က္အား တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ (၁၁၀) ဦး၊ ျပည္ေထာင္စု ၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက အမ်ားစုပါဝင္ေသာ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ (၃၅) ဦး၊ ေပါင္း (၁၄၅) ဦးက လက္မွတ္ေရးထိုးကာ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပလာျခင္းျဖစ္သည္။
<<Unicode>>
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏တာဝန်များနှင့် သက်ဆိုင်သည့် အခြေခံဥပဒေကြမ်း လွှတ်တော်တွင်တင်သွင်း
Friday, September 20, 2019
စက်တင်ဘာလ ၂၀ရက်နေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၅) ဦးက "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ၏ အခွင့်အာဏာများအနက် လွှတ်တော်များအား ဖျက်သိမ်းရန်အကြံပေးနိုင်သည့် အခွင့်အာဏာ ပေးအပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်းတစ်ရပ်အား တင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အသိပေးပြောကြားခဲ့သည်။
အဆိုပြုချက်တွင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၀၁) အား အပိုဒ်ခွဲ (က) နှင့် (ခ) များဖြင့် ပြင်ဆင်ပြီး အပိုဒ်ခွဲ (ခ) နောက်တွင် အပိုဒ်ခွဲငယ် (၃) ၌"ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန် ထိမ်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့်/မသင့် နိုင်ငံတော် သမ္မတကို အကြံပေးရမည်" ဟု"ကာ/လုံ" ၏ တာဝန်တစ်ရပ်အဖြစ် ဖော်ပြထားကြောင်း သိရှိရသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "ကာ/လုံ" အစည်းအဝေးကို ကျင်းပလိုပါက နိုင်ငံတော် သမ္မတက ဦးဆောင်ခေါ်ယူ ကျင်းပရမည်ဟု ပြဌာန်းပါရှိပြီး "ကာ/လုံ" ကောင်စီတွင် တပ်မတော်ဘက်မှ (၆) ဦး၊ ပြည်သူများမှ ရွေးကောက်သူများဘက်မှ (၅) ဦး၊ စုစုပေါင်း (၁၁) ဦးပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများစုပါဝင်သော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၃၅) ဦး၊ ပေါင်း (၁၄၅) ဦးက လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းဖြစ်သည်။








0 comments:
Post a Comment