
ျမန္မာကေန ၿဗိတိန္ႏိုင္ငံထိ ေမလ ၂၆ ရက္ေန႔က သံုးလၾကာခရီးစဥ္အျဖစ္ သတ္မွတ္ထားတဲ့အတိုင္း ေမာ္ေတာ္ဆိုင္ကယ္ စီးၿပီးခရီးသြားေနၾကတဲ့ Motourlogue ခရီးသြား ျမန္မာႏွစ္ဦးဟာ ယေန႔မနက္အေစာပိုင္းတြင္ အီတလီႏိုင္ငံသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
Motourlogue ခရီးသြားႏွစ္ဦးျဖစ္တဲ့ စိုင္းဇြမ္ဖနဲ႔ ကိုေအာင္ေက်ာ္၀င္းတို႔ဟာ ၁၆ ႏိုင္ငံေျမာက္ခရီးစဥ္အျဖစ္ ၾသဂုတ္လ ၁၉ ရက္ေန႔က ဂ်ာမနီကို ေရာက္ရွိခဲ့တာျဖစ္ၿပီး ၎မတစ္ဆင့္ ၾသဂုတ္လ ၂၉ ရက္ေန႔တြင္ လန္ဒန္သို့ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ ၿဗိတိန္နိုင္ငံသို႕ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
“ လက္ရွိမွာေတာ့ က်ြန္ေတာ္တို့ အီတလီကို ေရာက္ေနတာပါ၊ အီတလီက ရွုခင္းေတြကေတာ့ အရမ္းလွၿပီး လွည္ပတ္ဖို့ အခ်ိန္အနည္းငယ္ပဲ ရတာမလို့ ခဏနားၿပီး မိုနာဂို ကို ဆက္လက္ ခရီးဆက္သြားမွာ ၿဖစ္ပါတယ္။ ေနာက္က်ရင္ ညစာအတြက္ အခက္အခဲရွိလို့ပါ” လို့ သိရပါတယ္။




ကမ္ဘာလှည့်မော်တော်ဆိုင်ကယ်စီး မြန်မာနှစ်ဦး အီတလီနိုင်ငံသို့ ရောက်ရှိ၊ မိုနာဂိုသို့ ဆက်လက်ထွက်ခွာ
Friday, September 20, 2019
မြန်မာကနေ ဗြိတိန်နိုင်ငံထိ မေလ ၂၆ ရက်နေ့က သုံးလကြာခရီးစဉ်အဖြစ် သတ်မှတ်ထားတဲ့အတိုင်း မော်တော်ဆိုင်ကယ် စီးပြီးခရီးသွားနေကြတဲ့ Motourlogue ခရီးသွား မြန်မာနှစ်ဦးဟာ ယနေ့မနက်အစောပိုင်းတွင် အီတလီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Motourlogue ခရီးသွားနှစ်ဦးဖြစ်တဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ ၁၆ နိုင်ငံမြောက်ခရီးစဉ်အဖြစ် သြဂုတ်လ ၁၉ ရက်နေ့က ဂျာမနီကို ရောက်ရှိခဲ့တာဖြစ်ပြီး ၎င်းမတစ်ဆင့် သြဂုတ်လ ၂၉ ရက်နေ့တွင် လန်ဒန်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
“ လက်ရှိမှာတော့ ကျွန်တော်တို့ အီတလီကို ရောက်နေတာပါ၊ အီတလီက ရှုခင်းတွေကတော့ အရမ်းလှပြီး လှည်ပတ်ဖို့ အချိန်အနည်းငယ်ပဲ ရတာမလို့ ခဏနားပြီး မိုနာဂို ကို ဆက်လက် ခရီးဆက်သွားမှာ ဖြစ်ပါတယ်။ နောက်ကျရင် ညစာအတွက် အခက်အခဲရှိလို့ပါ” လို့ သိရပါတယ်။
#Myanmar_Online_News #Motourlogue






0 comments:
Post a Comment