Monday, September 9, 2019

ထိုင်းနိုင်ငံ၌ ကျင်းပသည့် အချက်အပြုတ်ပြိုင်ပွဲတွင် မြန်မာစားဖိုမှူးအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူး

Image may contain: 6 people, people smiling, people standing, child, shoes and indoor
ထိုင်းနိုင်ငံ၌ကျင်းပသည့် Thailand International Culinary Cup 2019 အစားအသောက် အချက်အပြုတ်ပြိုင်ပွဲ၌ အာရှနိုင်ငံပေါင်း ၁၅ နိုင်ငံမှ နိုင်ငံကိုယ်စားပြုစားဖိုမှူးများ ပါဝင်ယှဉ်ပြိုင်ရာ မြန်မာနိုင်ငံစားဖိုမှူး အသင်းက ရွှေဆင်ရုပ်ဆုနှင့် ဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအသင်းသည် စက်တင်ဘာ ၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ စားဖိုမှူးအသင်းမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့သည်။
''ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ သွားပြိုင်တာ ရွှေဆင်ရုပ်ဆုရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ Menu ကိုလည်း ကျွန်တော်ကိုယ်တိုင် ဆွဲခဲ့ပါတယ်။ ဒိုင်တွေအားလုံးကလည်း သဘောကျပါတယ်'' ဟု နေပြည်တော် စားဖိုမှူးများအသင်းဥက္ကဋ္ဌ စားဖိုမှူး မျိုးကျော်သူ(Chef Romeo Thu) ကပြောသည်။
အဆိုပါ ပြိုင်ပွဲ၌ အသင်းလိုက်ပြိုင်ပွဲတွင် ရွှေဆင်ရုပ်ဆုနှင့် ရွှေတံဆိပ်ဆုသုံးခုအပြင် တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ဆုနှစ်ခု၊ ငွေတံဆိပ်ဆုတစ်ခုနှင့် ကြေးတံဆိပ်ဆုတစ်ခု ရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment