
လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၀င်းဇော် ထွန်းနဲ့ ဇော်လင်းတို့ရဲ့ အသက်ရှင်သန်ပိုင်ခွင့် ခံစားရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးရှုထောင့်ကနေ ကူညီဆောင် ရွက်ပေးဖို့ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီကို စက်တင်ဘာလ ၉ ရက်က မေတ္တာရပ်ခံစာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဝင်းနဲ့ဇော် အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၁၄ ခုနှစ် မှာ တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီကို မေတ္တာရပ်ခံခဲ့ရာ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ အပေါ် ကိုလည်း ကျေးဇူးတင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။






0 comments:
Post a Comment