Thursday, September 19, 2019

တရုတ္ျပည္နယ္စပ္ကို ဝင္ဖို့ခက္ခဲေနသည့္ မူဆယ္ကထုတ္ေပးတဲ့ ၿပည္ဝင္ခြင့္ကဒ္အတြက္ ဘယ္သူတာဝန္ယူမလဲ

Image may contain: 3 people, crowd and outdoor

တစ္ခါသံုးကဒ္ျပားနဲ႔ တ႐ုတ္ဘက္ကဝင္ခြင့္ မေပးေတာ့ပါ။ အေၾကာင္းက ကဒ္ျပားေတြ အဆင့္အတန္းမရွိလို႔ ယခုထက္ အဆင့္အတန္းျမင့္ေပးဖို႔ တ႐ုတ္ဘက္ကေတာင္းဆိုမႈကို အေကာင္အထည္မေဖာ္ေပးႏိုင္မႈေၾကာင့္လို႔ သိရတယ္။

ပရင့္ထုတ္တာ လူ႐ုပ္မေပၚဘူး။ ႏိုင္ငံျဖတ္ေက်ာ္ကဒ္ျပား အဆင့္အတန္းမဟုတ္ဘူး။ ဒီကဒ္က စုတ္ျပတ္လြန္းတယ္တဲ့။ ကဒ္ျပားကိုၾကည့္လိုက္ေတာ့လည္းသူေျပာတဲ့အတိုင္းပါပဲ။ တိုင္းျပည္ဂုဏ္သိကၡာက်ေလာက္ေအာင္ကို ပံုႏွိပ္အရည္အေသြး အဆင့္အတန္းမရွိတာပါ။ ကိုယ့္ ႏိုင္ငံသား ကုန္သည္ပဲြစား ေရႊ႕ေျပာင္းအလုပ္သမားမ်ား အႏိုင္က်င့္မခံရဘို႔ျပည္သူ႔ အစိုးရကအဘက္ဘက္မွာ Image ေတာက္ပေအာင္ခ်ယ္သေပးဘို႔တာဝန္ရွိပါတယ္။
ႏွစ္ႏိုင္ငံ MOU ထိုးၿပီး နယ္စပ္ဝင္ထြက္မႈကို ႏွစ္ဖက္ခြင့္ျပဳထားေသာ္လည္းသူ႔ဖက္က ၾကည့္ရင္ကဒ္ျပားကလုံးဝ Update မျဖစ္ေလေတာ့ တ႐ုတ္ဖက္ကဝန္ထမ္းေတြသေဘာပဲ၊ ခြင့္ျပဳခ်င္ခြင့္ျပဳမယ္။ မျပဳခ်င္မျပဳဘူး။ အခုခြင့္ျပဳလည္းခဏေနခြင့္မျပဳဘူး။ ဆိုတာလိုျဖစ္ေနေတာ့ ကိုယ့္ႏိုင္ငံလည္း သိကၡာက်ႏိုင္ငံသားေတြလည္း မ်က္ႏွာငယ္ရတဲ့ ဒီကဒ္ျပားစနစ္ကို ဘာေၾကာင့္ မဖ်က္သိမ္းႏိုင္ရေသးတာလဲ?
(၁)ႏွစ္စာနယ္စပ္ျဖတ္သန္းခြင့္ စာအုပ္ကိုရွမ္းျပည္ေျမာက္ပိုင္းေနသူမ်ားသာ ဆိုၿပီးကန္႔သတ္ထားေတာ့ တျခားေဒသက လူေတြလုပ္ခ်င္ရင္အပိုေၾကးေတြ ေပးေနရတယ္။ ၅၀၀ က်ပ္ သတ္မွတ္ထားတဲ့ စာအုပ္လုပ္ခ ၃ ေသာင္းေလာက္ျဖစ္ေနတယ္။ ေျပာျပန္ရင္လည္းပဲြစား ေအးဂ်င့္ေတြကိုလဲြခ်မလား?
ဝန္ႀကီးဌာနက ဒါကိုမသိတာဆိုရင္ေတာ့ ညံ့လြန္းတယ္လို႔ေျပာခ်င္တယ္။ျပည္သူ႔ ကိုယ္စားလွယ္ေတြကတဆင့္အသိေပး ထိန္းေက်ာင္းသင့္တယ္။ ဘယ္လိုေျပာေျပာ ဘာအေၾကာင္းျပျပ ျပည္သူေတြေက်နပ္ဘို႔မလုံေလာက္ေတာ့ပါ။ ဥပေဒအရလို႔ေျပာရင္လည္း ဥပေဒဆိုတာလူကလုပ္တာ။ ျပင္သင့္ရင္ ျပင္ရမယ္။ ျပင္ဖို႔ အားထုတ္မႈလည္းရွိရမယ္။ တစ္တိုင္းျပည္လံုးမွာအလုပ္အကိုင္ ရွားပါးလို႔ေရျခားေျမျခားထြက္ၿပီးအလုပ္ လုပ္ေနၾကတဲ့ေခတ္မွာ လူတိုင္းသြားဖို႔ လာဖို႔အလြယ္ဆံုးကတ႐ုတ္ျပည္ပါ။ တ႐ုတ္ျပည္ထဲမွာအလုပ္သြားလုပ္ေနၾကတာေရႊ႕ေျပာင္းအလုပ္သမားသန္းခ်ီရွိေနၿပီ။ ကိုယ့္ႏိုင္ငံသားေတြသက္သာဘို႔ သိကၡာရွိစြာသြားလာေနထိုင္ႏိုင္ဘို႔ ကိုယ့္ဘက္ကစလုပ္ရမွာပါ။
အိမ္ေထာင္စုနဲ႔ကန္႔သတ္ထားေတာ့ ႏိုင္ငံသားခ်င္းအတူတူ အခြင့္အေရးမတူဘူးျဖစ္ေနတယ္။ အေျခခံဥပေဒနဲ႔ ကိုက္ညီရဲ႕လား? ပထဝီအရႏိုင္ငံသားခ်င္းခဲြျခားသလိုုျဖစ္ မေနဘူးလား။ ဒါေတာင္ေသြးေႏွာလူမ်ဳိးစုႏိုင္ငံသား ေတြဒီဖက္မွအစျပဳလို႔တ႐ုတ္ဖက္လည္းခဲြျခားဆက္ဆံလာတယ္။ ဒီလိုဘဲတ႐ုတ္ ဖက္မွာစာအုပ္အနီနဲ႔ယာယီကဒ္ျပားကိုင္ ေဆာင္သူဆက္ဆံခံရတာခ်င္းက်ယ္ျပန္႔စြာ ကဲြျပားတယ္။ ျမန္မာ-တ႐ုတ္ ႏွစ္ျပည္ေထာင္လုံးတံခါးဖြင့္ဝါဒကိုက်င့္သံုးေနခ်ိန္မွာ ရွမ္းေျမာက္ေန ျပည္သူမ်ားသာဆိုတဲ့ကန္႔သတ္ခ်က္ႀကီး ကေခတ္နဲ႔မဆီေလ်ာ္ေတာ့ပါ။ အက်င့္ပ်က္ခ်စားမႈကိုအားေပးတဲ့ လမ္းေၾကာင္းႀကီးလိုျဖစ္ေနပါၿပီ။ တာဝန္ရွိသူေတြသိသိႀကီးနဲ႔မ်က္စိမွိတ္ ထားဦးမွာလား? တကယ္တမ္းနယ္စပ္ျဖတ္ေက်ာ္ခြင့္လက္
မွတ္ဆိုတာႏိုင္ငံသားမ်ားအတြက္ ျပစ္မႈကင္းရွင္းေၾကာင္းနဲ႔ေနာက္ေၾကာင္း ရွင္းဖို႔ပဲအေရးႀကီးပါတယ္။ မိမိအိမ္ေထာင္စုစာရင္းေပါက္ရာနယ္ေျမအပိုင္ရဲစခန္းရဲ႕ေထာက္ခံခ်က္ပါရင္ တရားခံေျပးဝရမ္းေျပးမဟုတ္လ်င္ထုတ္ ေပးသင့္ပါတယ္။ စာအုပ္လုပ္ေပးတာလည္းၿမိဳ႕နယ္အုပ္ ခ်ဳပ္ေရး႐ုံး(သို႔)ျပည္သူ႔ဝန္ေဆာင္မႈရံုးမ်ဳိး မွာလုပ္ေပးသင့္ပါတယ္။ ျမန္မာႏိုင္ငံသားအေထာက္အထား (ႏိုင္ငံသားစီစစ္ေရးကဒ္)ကိုင္ေဆာင္သူတိုင္းစာအုပ္လုပ္ခြင့္ေပးသင့္တယ္။ ၿပီးေတာ့တခါဝင္တိုင္းအလီလီေကာက္ခံမႈမျပဳဘဲစာအုပ္လုပ္တာနဲ႔သတ္မွတ္ေစ်း တခုနဲ႔အျပတ္ေကာက္ခံလိုက္မယ္ဆိုရင္ ဝန္ထမ္းေတြေငြကိုင္စရာမလိုေတာ့။ (တ႐ုတ္ဖက္လို)တံဆိတ္ထု ၿပီးရင္သြား.. ဒါဆို Corruption မရွိေတာ့၊သီလရွိၿပီ။ စာအုပ္တစ္အုပ္ခ်င္းစီအတြက္တစ္ႏွစ္စာ နယ္စပ္ျဖတ္ခြင့္အၿပီးအစီးေကာက္ခံကာ လဝကေငြစာရင္းသို႔သြင္းေပး၍ဝန္ေဆာင္ခအျဖစ္အပိုေၾကးပမာဏတစ္ခု တရားဝင္ သတ္မွတ္ေကာက္ခံကာရွမ္းျပည္နယ္ ဖြံ့ၿဖိဳးေရး(သို႔)ေဒသဖံြ႕ျဖဳိးေရးရံပံုေငြအျဖစ္ သံုးသင့္တယ္။ ပြင့္လင္းျမင္သာလာမဲ့ အျပင္ျပည္သူ႔ေငြျပည္သူမ်ားအက်ဳိးျပန္ခံစားရမယ္။

တစ္ႀကိမ္ဝင္ထြက္ခြင့္ကာလလည္း ၆ည အိပ္ (၇)ရက္ဆိုတာ အဆင္မေျပပါ။ အလုပ္သမား ၁ေယာက္(၇) ရက္တစ္ခါ တံဆိပ္လာထုရတာအလုပ္ပ်က္ရပါတယ္။ အသြားအျပန္ ကားခ၊ အလုပ္နားသည့္ အတြက္ေန႔တြက္ပ်က္ ရွိမဲ့စုစရိတ္ကကုန္ ဝယ္စားစရိတ္ တံဆိပ္႐ိုက္ခတစ္ပါတ္ လ်င္ ၃-၄ ေထာင္ကုန္ပါတယ္။ ဒါက ေရႊလီမွာအလုပ္လုပ္တဲ့သူ။ မန္စီမွာအလုပ္လုပ္တဲ့လူဆိုရင္တစ္ေသာင္း ေက်ာ္ကုန္ပါမယ္။တစ္ျကိမ္ဝင္လ်င္ရက္ (၁၅)ရက္ သို႔ (၁)လ ခြင့္ျပဳသင့္ပါတယ္။ ဒါဆိုကိုယ့္ႏိုင္ငံသားေရႊ႕ေျပာင္းအလုပ္ သမားေတြကိုေစာင့္ေရွာက္ရာက်ပါမယ္။ ႏိုင္ငံ့စည္း႐ိုးမ်က္ႏွာစာကိုတခ်က္ေစာင္းငွဲ႕လ်က္ျဖစ္ေစဆင္းၾကည့္ရင္းႀကီးမားတဲ့ျပဳျပင္မႈမ်ားလုပ္ေဆာင္ရန္အၾကံျပဳပါတယ္။"ေျပာင္းလဲခ်ိန္တန္ပါၿပီ" အခု သတင္းသည္ Ye Swe Win အေကာင့္တြင္ ေဖာ္ျပထားျခင္းအား ျမန္မာႏိုင္ငံသားမ်ားအတြက္ ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။
Image may contain: one or more people and outdoor
Image may contain: one or more people, crowd and outdoor
<<unicode>>
တရုတ်ပြည်နယ်စပ်ကို ဝင်ဖို့ခက်ခဲနေသည့် မူဆယ်ကထုတ်ပေးတဲ့ ပြည်ဝင်ခွင့်ကဒ်အတွက် ဘယ်သူတာဝန်ယူမလဲ
Thursday, September 19, 2019

တစ်ခါသုံးကဒ်ပြားနဲ့ တရုတ်ဘက်ကဝင်ခွင့် မပေးတော့ပါ။ အကြောင်းကကဒ်ပြားတွေ အဆင့်အတန်းမရှိလို့ ယခုထက် အဆင့် အတန်းမြင့်ပေးဖို့ တရုတ်ဘက်ကတောင်း ဆိုမှုကိုအကောင်အထည်မဖော်ပေးနိုင်မှု ကြောင့်လို့ သိရတယ်။
ပရင့်ထုတ်တာ လူရုပ်မပေါ်ဘူး။ နိုင်ငံဖြတ်ကျော်ကဒ်ပြား အဆင့်အတန်းမဟုတ်ဘူး။ ဒီကဒ်က စုတ်ပြတ်လွန်းတယ် တဲ့။ ကဒ်ပြားကိုကြည့်လိုက်တော့လည်းသူပြောတဲ့အတိုင်းပါပဲ။ တိုင်းပြည်ဂုဏ်သိက္ခာကျလောက်အောင်ကို ပုံနှိပ်အရည်အသွေး အဆင့်အတန်းမရှိတာပါ။ ကိုယ့်နိုင်ငံသား ကုန်သည်ပွဲစား ရွှေ့ပြောင်းအလုပ်သမားများ အနိုင်ကျင့်မခံရဘို့ပြည်သူ့ အစိုးရကအဘက်ဘက်မှာ Image တောက်ပအောင်ချယ်သပေးဘို့တာဝန်ရှိပါတယ်။
နှစ်နိုင်ငံMOUထိုးပြီးနယ်စပ်ဝင်ထွက်မှုကို နှစ်ဖက်ခွင့်ပြုထားသော်လည်းသူ့ဖက်က ကြည့်ရင်ကဒ်ပြားကလုံးဝUpdate မဖြစ်လေတော့ တရုတ်ဖက်ကဝန်ထမ်းတွေသဘောပဲ၊ ခွင့်ပြုချင်ခွင့်ပြုမယ်။ မပြုချင်မပြုဘူး။ အခုခွင့်ပြုလည်းခဏနေခွင့်မပြုဘူး။ ဆိုတာလိုဖြစ်နေတော့ ကိုယ့်နိုင်ငံလည်း သိက္ခာကျ နိုင်ငံသားတွေ လည်း မျက်နှာငယ်ရတဲ့ ဒီကဒ်ပြားစနစ်ကို ဘာကြောင့် မဖျက်သိမ်းနိုင်ရသေးတာလဲ?
(၁)နှစ်စာနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကိုရှမ်းပြည်မြောက်ပိုင်းနေသူများသာ ဆိုပြီးကန့်သတ်ထားတော့ တခြားဒေသက လူတွေလုပ်ချင်ရင်အပိုကြေးတွေ ပေးနေရတယ်။ ၅၀၀ ကျပ် သတ်မှတ်ထားတဲ့ စာအုပ်လုပ်ခ
၃ သောင်းလောက်ဖြစ်နေတယ်။ ပြောပြန်ရင်လည်းပွဲစား အေးဂျင့်တွေကိုလွဲချမလား?

ဝန်ကြီးဌာနက ဒါကိုမသိတာဆိုရင်တော့ ညံ့လွန်းတယ် လို့ပြောချင်တယ်။ပြည်သူ့ ကိုယ်စားလှယ်တွေကတဆင့်အသိပေး ထိန်းကျောင်းသင့်တယ်။ ဘယ်လိုပြောပြော ဘာအကြောင်းပြပြ ပြည်သူတွေကျေနပ်ဘို့မလုံလောက်တော့ပါ။ ဥပဒေအရလို့ပြောရင်လည်း ဥပဒေဆိုတာလူကလုပ်တာ။ ပြင်သင့်ရင် ပြင်ရမယ်။ ပြင်ဖို့ အားထုတ်မှုလည်းရှိရမယ်။ တစ်တိုင်းပြည်လုံးမှာအလုပ်အကိုင် ရှားပါးလို့ရေခြားမြေခြားထွက်ပြီးအလုပ်
လုပ်နေကြတဲ့ခေတ်မှာ လူတိုင်းသွားဖို့ လာဖို့အလွယ်ဆုံးကတရုတ်ပြည်ပါ။ တရုတ်ပြည်ထဲမှာအလုပ်သွားလုပ်နေကြတာရွှေ့ပြောင်းအလုပ်သမားသန်းချီရှိနေပြီ။ ကိုယ့်နိုင်ငံသားတွေသက်သာဘို့ သိက္ခာရှိစွာသွားလာနေထိုင်နိုင်ဘို့ ကိုယ့်ဘက်ကစလုပ်ရမှာပါ။

အိမ်ထောင်စုနဲ့ကန့်သတ်ထားတော့ နိုင်ငံသားချင်းအတူတူ အခွင့်အရေး
မတူဘူးဖြစ်နေတယ်။ အခြေခံဥပဒေနဲ့ ကိုက်ညီရဲ့လား? ပထဝီအရနိုင်ငံသားချင်းခွဲခြားသလိုဖြစ် မနေဘူးလား။ ဒါတောင်သွေးနှောလူမျိုးစုနိုင်ငံသား တွေဒီဖက်မှအစပြုလို့တရုတ်ဖက်လည်းခွဲခြားဆက်ဆံလာတယ်။ ဒီလိုဘဲတရုတ် ဖက်မှာစာအုပ်အနီနဲ့ယာယီကဒ်ပြားကိုင် ဆောင်သူဆက်ဆံခံရတာချင်းကျယ်ပြန့်စွာ ကွဲပြားတယ်။ မြန်မာ-တရုတ် နှစ်ပြည်ထောင်လုံးတံခါးဖွင့်ဝါဒကိုကျင့်သုံးနေချိန်မှာ ရှမ်းမြောက်နေ ပြည်သူများသာဆိုတဲ့ကန့်သတ်ချက်ကြီး ကခေတ်နဲ့မဆီလျော်တော့ပါ။ အကျင့်ပျက်ချစားမှုကိုအားပေးတဲ့ လမ်းကြောင်းကြီးလိုဖြစ်နေပါပြီ။ တာဝန်ရှိသူတွေသိသိကြီးနဲ့မျက်စိမှိတ် ထားဦးမှာလား? တကယ်တမ်းနယ်စပ်ဖြတ်ကျော်ခွင့်လက်
မှတ်ဆိုတာနိုင်ငံသားများအတွက် ပြစ်မှုကင်းရှင်းကြောင်းနဲ့နောက်ကြောင်း ရှင်းဖို့ပဲအရေးကြီးပါတယ်။ မိမိအိမ်ထောင်စုစာရင်းပေါက်ရာနယ်မြေ
အပိုင်ရဲစခန်းရဲ့ထောက်ခံချက်ပါရင် တရားခံပြေးဝရမ်းပြေးမဟုတ်လျင်ထုတ် ပေးသင့်ပါတယ်။ စာအုပ်လုပ်ပေးတာလည်းမြို့နယ်အုပ် ချုပ်ရေးရုံး(သို့)ပြည်သူ့ဝန်ဆောင်မှုရုံးမျိုး မှာလုပ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံသားအထောက်အထား (နိုင်ငံသားစီစစ်ရေးကဒ်)ကိုင်ဆောင်သူတိုင်းစာအုပ်လုပ်ခွင့်ပေးသင့်တယ်။ ပြီးတော့တခါဝင်တိုင်းအလီလီကောက်ခံမှု
မပြုဘဲစာအုပ်လုပ်တာနဲ့သတ်မှတ်ဈေး တခုနဲ့အပြတ်ကောက်ခံလိုက်မယ်ဆိုရင် ဝန်ထမ်းတွေငွေကိုင်စရာမလိုတော့။ (တရုတ်ဖက်လို)တံဆိတ်ထု ပြီးရင်သွား.. ဒါဆို Corruption မရှိတော့၊သီလရှိပြီ။ စာအုပ်တစ်အုပ်ချင်းစီအတွက်တစ်နှစ်စာ နယ်စပ်ဖြတ်ခွင့်အပြီးအစီးကောက်ခံကာ လဝကငွေစာရင်းသို့သွင်းပေး၍ဝန်ဆောင်ခ အဖြစ်အပိုကြေး ပမာဏတစ်ခု တရားဝင် သတ်မှတ်ကောက်ခံကာရှမ်းပြည်နယ် ဖွံ့ဖြိုးရေး(သို့)ဒေသဖွံ့ဖြိုးရေးရံပုံငွေအဖြစ် သုံးသင့်တယ်။ ပွင့်လင်းမြင်သာလာမဲ့ အပြင်ပြည်သူ့ငွေပြည်သူများအကျိုးပြန်ခံစားရမယ်။

တစ်ကြိမ်ဝင်ထွက်ခွင့်ကာလလည်း၆ည အိပ် (၇)ရက်ဆိုတာ အဆင်မပြေပါ။ အလုပ်သမား၁ယောက်(၇)ရက်တစ်ခါ တံဆိပ်လာထုရတာအလုပ်ပျက်ရပါတယ်။ အသွားအပြန် ကားခ၊ အလုပ်နားသည့် အတွက်နေ့တွက်ပျက် ရှိမဲ့စုစရိတ်ကကုန် ဝယ်စားစရိတ် တံဆိပ်ရိုက်ခတစ်ပါတ် လျင် ၃-၄ ထောင်ကုန်ပါတယ်။ ဒါက ရွှေလီ မှာအလုပ်လုပ်တဲ့သူ။ မန်စီမှာအလုပ်လုပ်တဲ့လူဆိုရင်တစ်သောင်း ကျော်ကုန်ပါမယ်။တစ်ကြိမ်ဝင်လျင်ရက်
(၁၅)ရက် သို့ (၁)လ ခွင့်ပြုသင့်ပါတယ်။ ဒါဆိုကိုယ့်နိုင်ငံသားရွှေ့ပြောင်းအလုပ် သမားတွေကိုစောင့်ရှောက်ရာကျပါမယ်။ နိုင်ငံ့စည်းရိုးမျက်နှာစာကိုတချက်စောင်းငှဲ့လျက်ဖြစ်စေဆင်းကြည့်ရင်းကြီးမားတဲ့ပြုပြင်မှုများလုပ်ဆောင်ရန်အကြံပြုပါတယ်။"ပြောင်းလဲချိန်တန်ပါပြီ" အခု သတင်းသည် Ye Swe Win အကောင့်တွင် ဖော်ပြထားခြင်းအား မြန်မာနိုင်ငံသားများအတွက် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment