
မင္းဘူးျမိဳ႕နယ္၊မန္းေရနံေျမ၌ ေရနံပုိတ္လုိင္းေဖာက္၍ ေရနံစိမ္းခုိးယူမႈ သည္ စက္တင္ဘာ ၁၈ ရက္၌ ျဖစ္ပြားခဲ့သည္။
ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္ေန႔ မနက္ ၁၂ နာရီ ၃၀မိနစ္တြင္ မန္းေရနံေျမလုံၿခဳံေရး အဖြဲ႕မွ မန္းေရနံေျမအတြင္း လွည့္ကင္းေဆာင္႐ြက္ေနစဥ္ မင္းဘူးၿမိဳ႕နယ္၊ ေအာက္ေက်ာင္းေက်း႐ြာ၊ ေရနံတြင္းအမွတ္(၅၉၆)အနီး၌ မယ္ေဘ့ ကုန္းေက်း႐ြာေန သန္႔ဇင္ဦး(၃၃)ႏွစ္ပါ ၅ ဦးမွ ေရနံပိုက္လိုင္းအားေဖာက္၍ ေရနံစိမ္းမ်ားခိုးယူေနသျဖင့္ သြားေရာက္ တားဆီးခဲ့ေၾကာင္း သိရွိရပါသည္။
ထုိသုိ႔တားဆီးမႈအေပၚ သန္႔ဇင္ဦးပါ ၅ ဦးမွ ေလးခြမ်ားျဖင့္ပစ္ခတ္ခဲ့ၿပီး သန္႔ဇင္ဦးမွ အ႐ိုးအသြား ၁ ေပခန္႔ ဓါးေျမာင္ျဖင့္ ထိုး/ခုတ္၍ ထြက္ေျပး သြားခဲ့ပါသည္။ ဆက္လက္၍ ၎တို႔ခိုးယူထားေသာ ေရနံစိမ္း ၄၀ ဂါ လံႏွင့္ စတီးေရနံခပ္ခြက္ ၁ လုံးတို႔ က်န္ရွိခဲ့ၿပီး ေရနံေျမလုံၿခဳံေရးအဖြဲ႕ဝင္မ်ား ွဒဏ္ရာ ရရွိခဲ့သျဖင့္ မင္းဘူးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့၍ ေဆးဝါးကုသခဲ့ေၾကာင္း သိရွိရပါသည္။
အဆိုပါ သန္႔ဇင္ဦးပါ ၅ ဦး(ဖမ္းမမိ)အား မင္းဘူးၿမိဳ႕မရဲစခန္း (ပ) ၁၉၀၃/၂၀၁၉၊ ပပက ၆(၁)ျဖင့္ လည္းေကာင္း၊ ၁၉၀၄/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၃(တာဝန္ေဆာင္႐ြက္ေသာျပည္သူ႔ဝန္ထမ္းအား ျပင္းထန္နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္း သိရွိရပါသည္။
<<unicode>>
မန်းရေနံမြေ၌ ရေနံစိမ်းခိုးယူမှုဖြစ်ပွားခဲ့ပြီး ခိုးယူသူများ၏ တိုက်ခိုက်မှုကြောင့် ရေနံလုံခြုံရေးအဖွဲ့များ ဒဏ်ရာရရှိခဲ့
Thursday, September 19, 2019
မင်းဘူးမြို့နယ်၊မန်းရေနံမြေ၌ ရေနံပိုတ်လိုင်းဖောက်၍ ရေနံစိမ်းခိုးယူမှု သည် စက်တင်ဘာ ၁၈ ရက်၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၂ နာရီ ၃၀မိနစ်တွင် မန်းရေနံမြေလုံခြုံရေး အဖွဲ့မှ မန်းရေနံမြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်းဘူးမြို့နယ်၊ အောက်ကျောင်းကျေးရွာ၊ ရေနံတွင်းအမှတ်(၅၉၆)အနီး၌ မယ်ဘေ့ ကုန်းကျေးရွာနေ သန့်ဇင်ဦး(၃၃)နှစ်ပါ ၅ ဦးမှ ရေနံပိုက်လိုင်းအားဖောက်၍ ရေနံစိမ်းများခိုးယူနေသဖြင့် သွားရောက် တားဆီးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တားဆီးမှုအပေါ် သန့်ဇင်ဦးပါ ၅ ဦးမှ လေးခွများဖြင့်ပစ်ခတ်ခဲ့ပြီး သန့်ဇင်ဦးမှ အရိုးအသွား ၁ ပေခန့် ဓါးမြောင်ဖြင့် ထိုး/ခုတ်၍ ထွက်ပြေး သွားခဲ့ပါသည်။ ဆက်လက်၍ ၎င်းတို့ခိုးယူထားသော ရေနံစိမ်း ၄၀ ဂါ လံနှင့် စတီးရေနံခပ်ခွက် ၁ လုံးတို့ ကျန်ရှိခဲ့ပြီး ရေနံမြေလုံခြုံရေးအဖွဲ့ဝင်များ ှဒဏ်ရာ ရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့၍ ဆေးဝါးကုသခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သန့်ဇင်ဦးပါ ၅ ဦး(ဖမ်းမမိ)အား မင်းဘူးမြို့မရဲစခန်း (ပ) ၁၉၀၃/၂၀၁၉၊ ပပက ၆(၁)ဖြင့် လည်းကောင်း၊ ၁၉၀၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃(တာဝန်ဆောင်ရွက်သောပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။
0 comments:
Post a Comment