Monday, September 23, 2019




<<unicode>>
မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၃၅၁၀၀၀ ပြား ဖမ်းဆီးရမိ
Monday, September 23, 2019

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဲချောင်းကျေးရွာနေ မရာစ်မင်(၅၁)နှစ်၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းရှိ ရေကန်ထဲမှ ပလပ်စတစ်အိတ်များဖြင့် ထည့်လျက် WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၃၅၁၀၀၀ ပြားတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
အဆိုပါ မရာစ်မင်(ဖမ်းမိ)အား ည ၈ နာရီ ၅ မိနစ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရပါသည်။
#Myanmar_Online_News #မြောက်ဦး

0 comments:

Post a Comment