ေမာ္လျမိဳင္ျမိဳ႕၊ သိပၸံလမ္းထိပ္လမ္းဆုံတြင္ ယေန႔ စက္တင္ဘာလ ၂၃ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၁၀ မိနစ္ခန့္က မီးပြိဳင့္ခ်ိဳ႕ယြင္းမႈျဖစ္ျပီး သုံးဖက္မီးစိမ္း ေနမႈေၾကာင္႔ ကားနဲ႔ဆိုင္ကယ္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အားလုံးမွန္ပါတယ္။ မီးပြိဳင္႔က မွားေနတာပါ။ လက္ရွိ အနီးမွ တာဝန္သိ ျပည္သူတစ္ဦးမွ ေနာက္ထပ္ အႏၲရာယ္ထပ္ျဖစ္မွာစိုးလို႔ ခ်ိဳ႕ယြင္းေနတဲ႔ မီးပြိဳင္႔ ဝင္ပိတ္ထားေပးပါတယ္။ မီးပြိဳင္႔သာ ရွိျပီး အင္အားအေျခအေနအရ အခ်ိန္ျပည္႔ ယာဥ္ထိန္းရဲ မခ်ထားႏိုင္ေသးတဲ႔အတြက္ တာဝန္ရွိသူေတြ မီးပြိဳင္႔ကို အျမန္ဆုံး လာျပင္ေပးေစခ်င္ သိရပါတယ္။
ေမာ္လျမိဳင္ျမိဳ႕သိပၸံလမ္းႏွင္႔ ေအာက္လမ္းမႀကီး (ႏြားႏို႔ဆိုင္)လမ္းဆုံတြင္ မီးစိမ္းျဖတ္ၾကေသာ ကားႏွင္႔ဆိုင္ကယ္ တိုက္မႈျဖစ္ပြားျပီး ဆိုင္ကယ္မွ အမ်ိဳးသမီး(၂)ဦးမွာ တစ္ဦးေျခက်ိဳး တစ္ဦးပြန္းပဲ့ ထိခိုက္ဒဏ္ရာမ်ား ရရွိသျဖင္႔ ေမာ္လျမိဳင္ RESCUE လူမႈကယ္ဆယ္ေရးအဖြဲ႔မွ လူနာမ်ားအား ျပဳစုမႈမ်ား ေဆာင္ရြက္ေပး၍ ေဆးရံုႀကီးပို႔ေဆာင္ ကူညီေပးခဲ႔ပါသည္။ ဆိုင္ကယ္ႏွင္႔ ပိုက္ဆံ ၅၅၀၀ ဝွီးတတ္တို႔အား အသင္းရုံးတြင္ထိန္းသိမ္းထားေပးေၾကာင္း ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔ မွ သိရသည္။
<Unicode>
မော်လမြိုင်မြို့၊ သိပ္ပံလမ်းထိပ်လမ်းဆုံတွင် မီးပွိုင့်ချို့ယွင်းမှုဖြစ်ပြီး သုံးဖက်မီးစိမ်း နေမှုကြောင့် ကားနဲ့ဆိုင်ကယ် တိုက်မှု ဖြစ်ပွား
Monday, September 23, 2019
မော်လမြိုင်မြို့၊ သိပ္ပံလမ်းထိပ်လမ်းဆုံတွင် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က မီးပွိုင့်ချို့ယွင်းမှုဖြစ်ပြီး သုံးဖက်မီးစိမ်း နေမှုကြောင့် ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အားလုံးမှန်ပါတယ်။ မီးပွိုင့်က မှားနေတာပါ။ လက်ရှိ အနီးမှ တာဝန်သိ ပြည်သူတစ်ဦးမှ နောက်ထပ် အန္တရာယ်ထပ်ဖြစ်မှာစိုးလို့ ချို့ယွင်းနေတဲ့ မီးပွိုင့် ဝင်ပိတ်ထားပေးပါတယ်။ မီးပွိုင့်သာ ရှိပြီး အင်အားအခြေအနေအရ အချိန်ပြည့် ယာဉ်ထိန်းရဲ မချထားနိုင်သေးတဲ့အတွက် တာဝန်ရှိသူတွေ မီးပွိုင့်ကို အမြန်ဆုံး လာပြင်ပေးစေချင် သိရပါတယ်။
မော်လမြိုင်မြို့သိပ္ပံလမ်းနှင့် အောက်လမ်းမကြီး (နွားနို့ဆိုင်)လမ်းဆုံတွင် မီးစိမ်းဖြတ်ကြသော ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မှ အမျိုးသမီး(၂)ဦးမှာ တစ်ဦးခြေကျိုး တစ်ဦးပွန်းပဲ့ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာများအား ပြုစုမှုများ ဆောင်ရွက်ပေး၍ ဆေးရုံကြီးပို့ဆောင် ကူညီပေးခဲ့ပါသည်။ ဆိုင်ကယ်နှင့် ပိုက်ဆံ ၅၅၀၀ ဝှီးတတ်တို့အား အသင်းရုံးတွင်ထိန်းသိမ်းထားပေးကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ မှ သိရသည်။
#Myanmar_Online_News #မော်လမြိုင် #သိပ္ပံလမ်း
0 comments:
Post a Comment