<<Unicode>>
လက်လုပ်လက်စားနှင့်တစ်ပိုင်တစ်နိုင် သတ္တုတူးဖော်ခွင့်လုပ်ကွက်များ ကောလင်းမြို့နယ်အတွင်း ချထားပေးမည်
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ပုံမှန်လွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်း အသေးစားနှင့်လက်လုပ်လက်စား သတ္တုတူးဖော်ခွင့် လုပ်ကွက်များ ချထားပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးလာလ်ထောင်ထန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်ကိုဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိတွင် ကောလင်းမြို့နယ်ရှိ လာကာကြိုးဝိုင်းအတွင်း အကြီးစား သတ္တုတူးဖော်ရေးလုပ်ကွက် ဧရိယာအဖြစ် ၁၁၉၅ ဒသမ ၉၉ စတုရန်း ကီလိုမီတာ သတ်မှတ်ထားပြီး Myanmar Reserve Development ကုမ္ပဏီမှ ဓါတ်သတ္တုရှာဖွေ စမ်းသပ်တိုင်းတာရေးအတွက် ဧရိယာ ၆၅ ဓသမ ၁၀၃၂ စတုရန်း ကီလိုမီတာကို ခွင့်ပြုချက်ရရှိထားပြီး ကျန်ဧရိယာများကို မြောက်ကျွန်းသူမမ ကုမ္ပဏီမှ လုပ်ကွက်ရရှိ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
0 comments:
Post a Comment