
တစ္ခုခုကိုၾကည့္ၿပီဆိုရင္ မျမင္ရလို႔ အနီးကပ္ၿပီးေတာ့ မႈန္ကုပ္ကုပ္ၾကည့္ေနရၿပီလား။ အားမငယ္ပါနဲ႔ ဒါကတစ္ေယာက္တည္းမဟုတ္ပါဘူးေလ။
အသက္ (၅၀) ေက်ာ္လာၿပီဆိုရင္
🧐 မ်က္စိမႈန္လာမယ္၊ ျပတ္ျပတ္သားသားျမင္ရဖို႔ဆိုရင္ အနားကိုကပ္ၿပီးၾကည့္ရမယ္။
🧐 အျပာနဲ႔ အနက္စတဲ့အေရာင္ေတြခြဲရခက္လာမယ္။
🧐 ရွင္းရွင္းလင္းလင္းျမင္ရဖို႔အတြက္ အလင္းေရာင္ပိုလိုလာမယ္၊ အေမွာင္ထဲေနအလင္းဘက္ကိုထြက္တဲ့အခါမွာ ခ်ိန္ညွိဖို႔အခ်ိန္ပိုလိုလာမယ္။
အသက္ႀကီးလာလို႔ ဒီေလာက္ျဖစ္တာကေတာ့ စာၾကည့္မ်က္မွန္တပ္ဖို႔ပါပဲ။ ဘာမွစိတ္ပူစရာမရွိပါဘူး။ ၿပီးေတာ့ အိမ္ထဲမွာ အလင္းေကာင္းေကာင္းရေအာင္လုပ္ထားပါ။
ၿပီးေတာ့ အသက္ ၅၀ ေက်ာ္လာၿပီဆိုရင္ ၂ ႏွစ္ ၃ ႏွစ္ျခားတစ္ခါေလာက္ မ်က္စိသားငယ္အိမ္က်ယ္ေအာင္လုပ္ၿပီးေတာ့ စစ္ေဆးဖို႔လိုပါတယ္။ ဒါကေတာ့ သူငယ္အိမ္က်ယ္ဖို႔ မ်က္စဥ္းအရင္ခတပၿပီးေတာ့မွ မ်က္လံုးထဲမွာေရာဂါရွိ မရွိစစ္တာပါ။
အစစ္အမွန္အျမင္အာရံုဆံုးရံႈးတာကေတာ့ ဇရာေၾကာင့္ျဖစ္တာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း အသက္ႀကီးလာတာနဲ႔အမွ် လူတုိင္းမ်က္လံုးနဲ႔ဆိုင္တဲံေရာဂါေတြနဲ႔ အေျခအေနေတြျဖစ္ႏုိင္ေခ်မ်ားပါတယ္။ ဒါေတြကေတာ့-
⚠️ အသက္ႀကီးလာတာနဲ႔ဆိုင္တဲ့ အျမင္အာရံုပ်က္စီးျခင္း
⚠️ မ်က္လံုးတိမ္စြဲျခင္း - ဒါကေတာ့ အသက္ႀကီးတဲ့လူအမ်ားစုမွာေတြ႕ရတတ္တဲ့အေျခအေနပါ။ ကံေကာင္းတာက တိမ္စြဲတာကိုခြဲစိတ္ၿပီးေတာ့ ကုသလို႔ရပါတယ္။
⚠️ ဆီးခ်ိဳေၾကာင့္ျဖစ္ေသာမ်က္စိေရာဂါ - ဆီးခ်ိဳေရာဂါရွင္ေတြမွာ မ်က္လံုးကြယ္တာကိုျဖစ္ေစဆံုးေသာအေၾကာင္းအရင္းတစ္ခုပါ။ ဒါက ျမင္လႊာမွာရွိတဲ့ေသြးေၾကာေတြကို ထိၿပီးေတာ့ ေသြးထြက္တာ၊ အရည္ေတြစိမ့္ထြက္တာမ်ိဳးျဖစ္ၿပီးေတာ့ အျမင္အာရံုဆံုးရႈံးေစပါတယ္။
⚠️ ေရတိမ္ - ဘာလကၡဏာ၊ ဘာအရိပ္အေရာင္မွမျပဘဲနဲ႔ ျဖည္းျဖည္းခ်င္း အျမင္အာရံုေပ်ာက္ကြယ္သြားေစတဲ့ေရာဂါပါ။ ဒါက အစပိုင္းအဆင့္မွာ လကၡဏာမျပတတ္လို႔ မ်က္စိသူငယ္အိမ္ကိုခ်ဲ႕ၿပီးေတာ့ ပံုမွန္စစ္ေဆးတာက အေရးႀကီးဆံုးကာကြယ္နည္းပါ။
>> အျမင္အာရံုေတြကို ကာကြယ္ၾကမယ္ <<
--------------------
✨ ေဆးလိပ္ျဖတ္ပါ။
✨ ေသြးေပါင္ခ်ိန္ကို ပံုမွန္ရွိေအာင္ထိန္းထားပါ။
✨ ဆီးခ်ိဳရွိရင္ ရေအာင္ထိန္းပါ။
✨ ပူျပင္းစူးရွတဲ့ေနေရာင္ေအာက္ကိုထြက္တိုင္း ေနကာမ်က္မွန္တပ္ၿပီး ဦးထုပ္အဝိုင္းႀကီးႀကီးေဆာင္းပါ။
✨ အိမ္သန္႔ရွင္းေရးလုပ္တုိင္း၊ အားကစားတစ္ခုခုလုပ္တိုင္း အကာအကြယ္မ်က္မွန္တပ္ပါ။
✨ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြနဲ႔ ငါးမ်ားမ်ားစားပါ။
✨ မ်က္လံုးေတြေညာင္းလာၿပီဆိုရင္နားပါ။ ကြန္ျပဴတာသံုးရင္း (သို႔) မ်က္စိအားစိုက္ရတဲ့အလုပ္ေတြလုပ္လု႔ိ မ်က္လံုးေညာင္းလာရင္ 20/20/20 ဆိုတဲ့ နည္းကိုလိုက္နာပါ။ မိနစ္ ၂၀ အလုပ္လုပ္ၿပီးတုိင္း ေပ ၂၀ အေဝးမွာရွိတဲ့ အရာတစ္ခုခုကို ၂၀ စကၠန္႔ၾကည့္ေပးပါ။
Dr. Mya Myo Myo Swe
<Unicode>
မျက်စိမှုန်တာ ဇရာကြောင့်လား ရောဂါကြောင့်လား
Thursday, September 19, 2019
တစ်ခုခုကိုကြည့်ပြီဆိုရင် မမြင်ရလို့ အနီးကပ်ပြီးတော့ မှုန်ကုပ်ကုပ်ကြည့်နေရပြီလား။ အားမငယ်ပါနဲ့ ဒါကတစ်ယောက်တည်းမဟုတ်ပါဘူးလေ။
အသက် (၅၀) ကျော်လာပြီဆိုရင်
🧐 မျက်စိမှုန်လာမယ်၊ ပြတ်ပြတ်သားသားမြင်ရဖို့ဆိုရင် အနားကိုကပ်ပြီးကြည့်ရမယ်။
🧐 အပြာနဲ့ အနက်စတဲ့အရောင်တွေခွဲရခက်လာမယ်။
🧐 ရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် အလင်းရောင်ပိုလိုလာမယ်၊ အမှောင်ထဲနေအလင်းဘက်ကိုထွက်တဲ့အခါမှာ ချိန်ညှိဖို့အချိန်ပိုလိုလာမယ်။
အသက်ကြီးလာလို့ ဒီလောက်ဖြစ်တာကတော့ စာကြည့်မျက်မှန်တပ်ဖို့ပါပဲ။ ဘာမှစိတ်ပူစရာမရှိပါဘူး။ ပြီးတော့ အိမ်ထဲမှာ အလင်းကောင်းကောင်းရအောင်လုပ်ထားပါ။
ပြီးတော့ အသက် ၅၀ ကျော်လာပြီဆိုရင် ၂ နှစ် ၃ နှစ်ခြားတစ်ခါလောက် မျက်စိသားငယ်အိမ်ကျယ်အောင်လုပ်ပြီးတော့ စစ်ဆေးဖို့လိုပါတယ်။ ဒါကတော့ သူငယ်အိမ်ကျယ်ဖို့ မျက်စဉ်းအရင်ခတပပြီးတော့မှ မျက်လုံးထဲမှာရောဂါရှိ မရှိစစ်တာပါ။
အစစ်အမှန်အမြင်အာရုံဆုံးရှုံးတာကတော့ ဇရာကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသက်ကြီးလာတာနဲ့အမျှ လူတိုင်းမျက်လုံးနဲ့ဆိုင်တဲံရောဂါတွေနဲ့ အခြေအနေတွေဖြစ်နိုင်ချေများပါတယ်။ ဒါတွေကတော့-
⚠️ အသက်ကြီးလာတာနဲ့ဆိုင်တဲ့ အမြင်အာရုံပျက်စီးခြင်း
⚠️ မျက်လုံးတိမ်စွဲခြင်း - ဒါကတော့ အသက်ကြီးတဲ့လူအများစုမှာတွေ့ရတတ်တဲ့အခြေအနေပါ။ ကံကောင်းတာက တိမ်စွဲတာကိုခွဲစိတ်ပြီးတော့ ကုသလို့ရပါတယ်။
⚠️ ဆီးချိုကြောင့်ဖြစ်သောမျက်စိရောဂါ - ဆီးချိုရောဂါရှင်တွေမှာ မျက်လုံးကွယ်တာကိုဖြစ်စေဆုံးသောအကြောင်းအရင်းတစ်ခုပါ။ ဒါက မြင်လွှာမှာရှိတဲ့သွေးကြောတွေကို ထိပြီးတော့ သွေးထွက်တာ၊ အရည်တွေစိမ့်ထွက်တာမျိုးဖြစ်ပြီးတော့ အမြင်အာရုံဆုံးရှုံးစေပါတယ်။
⚠️ ရေတိမ် - ဘာလက္ခဏာ၊ ဘာအရိပ်အရောင်မှမပြဘဲနဲ့ ဖြည်းဖြည်းချင်း အမြင်အာရုံပျောက်ကွယ်သွားစေတဲ့ရောဂါပါ။ ဒါက အစပိုင်းအဆင့်မှာ လက္ခဏာမပြတတ်လို့ မျက်စိသူငယ်အိမ်ကိုချဲ့ပြီးတော့ ပုံမှန်စစ်ဆေးတာက အရေးကြီးဆုံးကာကွယ်နည်းပါ။
>> အမြင်အာရုံတွေကို ကာကွယ်ကြမယ် <<
--------------------
✨ ဆေးလိပ်ဖြတ်ပါ။
✨ သွေးပေါင်ချိန်ကို ပုံမှန်ရှိအောင်ထိန်းထားပါ။
✨ ဆီးချိုရှိရင် ရအောင်ထိန်းပါ။
✨ ပူပြင်းစူးရှတဲ့နေရောင်အောက်ကိုထွက်တိုင်း နေကာမျက်မှန်တပ်ပြီး ဦးထုပ်အဝိုင်းကြီးကြီးဆောင်းပါ။
✨ အိမ်သန့်ရှင်းရေးလုပ်တိုင်း၊ အားကစားတစ်ခုခုလုပ်တိုင်း အကာအကွယ်မျက်မှန်တပ်ပါ။
✨ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ ငါးများများစားပါ။
✨ မျက်လုံးတွေညောင်းလာပြီဆိုရင်နားပါ။ ကွန်ပြူတာသုံးရင်း (သို့) မျက်စိအားစိုက်ရတဲ့အလုပ်တွေလုပ်လို့ မျက်လုံးညောင်းလာရင် 20/20/20 ဆိုတဲ့ နည်းကိုလိုက်နာပါ။ မိနစ် ၂၀ အလုပ်လုပ်ပြီးတိုင်း ပေ ၂၀ အဝေးမှာရှိတဲ့ အရာတစ်ခုခုကို ၂၀ စက္ကန့်ကြည့်ပေးပါ။
Dr. Mya Myo Myo Swe
#Myanmar_Online_News






0 comments:
Post a Comment