Wednesday, September 18, 2019

ဟဲဗီးဝိတ္ခ်န္ပီယံ ဗီရာႏွင့္ ယွဥ္ၿပိဳင္မည့္ပြဲတြင္ ေအာင္လအန္ဆန္ အေရးသာမည္ဟု ဖိုးေသာ္ေျပာၾကား

Image may contain: 2 people, people smiling, people standing

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕၌ ေအာက္တိုဘာ ၁၃ ရက္တြင္က်င္းပမည့္ One Cham-poinship ၏ One Century ၿပိဳင္ပြဲႀကီးတြင္ ဖိလစ္ပိုင္ႏိုင္ငံသား ဟဲဗီးဝိတ္ခ်န္ပီယံ ဘရန္ဒန္ဗီရာႏွင့္ ေအာင္လအန္ဆန္တို႔ ထိုးသတ္မည့္ပြဲစဥ္တြင္ ေအာင္လအန္ဆန္အေနျဖင့္ သုံးခ်ီေနာက္ပိုင္းတြင္ အေရးသာႏိုင္ေၾကာင္း MMA ကစားသမား ဖိုးေသာ္က သုံးသပ္ေျပာၾကားသည္။

“ငါးခ်ီထိုးရမယ့္ပြဲျဖစ္တဲ့အတြက္ ေအာင္လရဲ႕အသက္အ႐ြယ္ ႀကံ့ခိုင္မႈနဲ႔သုံးခ်ီအတြင္းမွာ ၿပိဳင္ဘက္ကစားသမားကို ေသခ်ာဂ႐ုတစိုက္နဲ႔ ဆြဲေခၚသြားႏိုင္တယ္ဆိုရင္ ေလးခ်ီနဲ႔ငါးခ်ီအတြင္းမွာ ေအာင္လပဲ အားသာသြားလိမ့္မယ္”ဟု ဖိုးေသာ္က ေျပာၾကားသည္။
ထို႔အျပင္ ဗီရာႏွင့္ ေအာင္လအန္ဆန္တို႔၏ ဝိတ္တန္းႏွင့္ပတ္သက္၍ ႏိုင္ငံတကာအဆင့္ ယွဥ္ၿပိဳင္ရမည့္ ပြဲစဥ္မ်ားျဖစ္သည့္အတြက္ Fair Fight ယွဥ္ၿပိဳင္ရျခင္းျဖစ္ၿပီး ႏိုင္ငံတကာကို live လႊင့္သည့္ပြဲစဥ္မ်ားျဖစ္သည့္အတြက္ Unfair Fight ဆိုတာ မရွိေၾကာင္း ဖိုးေသာ္က ေျပာၾကားသည္။
အဆိုပါၿပိဳင္ပြဲတြင္ ေအာင္လအန္ဆန္၏ ဝမ္းမစ္ဒယ္ဝိတ္တန္းခ်န္ပီယံဆုႏွင့္ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံဆု ခါးပတ္ႏွစ္ခုအနက္ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပတ္ကို ရရွိလိုသည့္အတြက္ ဘရန္ဒန္ဗီရာက စိန္ေခၚထိုးသတ္ျခင္း ျဖစ္သည္။
“ေအာင္လအေနနဲ႔က ကစားရတာပြဲစိပ္တယ္။ ျပင္ဆင္မႈအေနနဲ႔လည္း ႏွစ္ခ်ီၿပီးေတာ့ နည္းျပေကာင္းေကာင္းနဲ႔ စခန္းသြင္းၿပီး ေလ့က်င့္ေနတယ္။ သူ႔အေနနဲ႔ ယုံၾကည္မႈလည္းရွိတယ္။ ပရိသတ္အားေပးေထာက္ခံမႈလည္း အျပည့္အဝ ရရွိထားတယ္။ သူ႔ရဲ႕ၿပိဳင္ဘက္ကလည္း ေက်ာ္ၾကားၿပီး အေတြ႕အႀကဳံေကာင္းတဲ့ ကစားသမားျဖစ္တဲ့အတြက္ ဒီပြဲက ပြဲႀကီးပြဲေကာင္းျဖစ္လာလိမ့္မယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ၾကားထဲမွာ အသက္အ႐ြယ္ကြာျခားမႈ၊ ႀကံ့ခိုင္မႈအေနအထား၊ ပြဲအနီးအေဝး၊ ယုံၾကည္မႈ အဲဒါေတြအေပၚမွာ မူတည္ၿပီးေတာ့ ပြဲကေတာ့ စိတ္ဝင္စားစရာ အမ်ားႀကီးေကာင္းတယ္” ဟု ၎ကေျပာသည္။
Image may contain: 2 people, people standing
သတင္း-ဇာနည္ေမာင္၊ ေအးမင္းသူ၊ ဓာတ္ပုံ-MMA
<Unicode>
ဟဲဗီးဝိတ်ချန်ပီယံ ဗီရာနှင့် ယှဉ်ပြိုင်မည့်ပွဲတွင် အောင်လအန်ဆန် အရေးသာမည်ဟု ဖိုးသော်ပြောကြား
Thursday, September 19, 2019

ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၁၃ ရက်တွင်ကျင်းပမည့် One Cham-poinship ၏ One Century ပြိုင်ပွဲကြီးတွင် ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနှင့် အောင်လအန်ဆန်တို့ ထိုးသတ်မည့်ပွဲစဉ်တွင် အောင်လအန်ဆန်အနေဖြင့် သုံးချီနောက်ပိုင်းတွင် အရေးသာနိုင်ကြောင်း MMA ကစားသမား ဖိုးသော်က သုံးသပ်ပြောကြားသည်။
“ငါးချီထိုးရမယ့်ပွဲဖြစ်တဲ့အတွက် အောင်လရဲ့အသက်အရွယ် ကြံ့ခိုင်မှုနဲ့သုံးချီအတွင်းမှာ ပြိုင်ဘက်ကစားသမားကို သေချာဂရုတစိုက်နဲ့ ဆွဲခေါ်သွားနိုင်တယ်ဆိုရင် လေးချီနဲ့ငါးချီအတွင်းမှာ အောင်လပဲ အားသာသွားလိမ့်မယ်”ဟု ဖိုးသော်က ပြောကြားသည်။
ထို့အပြင် ဗီရာနှင့် အောင်လအန်ဆန်တို့၏ ဝိတ်တန်းနှင့်ပတ်သက်၍ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များဖြစ်သည့်အတွက် Fair Fight ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး နိုင်ငံတကာကို live လွှင့်သည့်ပွဲစဉ်များဖြစ်သည့်အတွက် Unfair Fight ဆိုတာ မရှိကြောင်း ဖိုးသော်က ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် အောင်လအန်ဆန်၏ ဝမ်းမစ်ဒယ်ဝိတ်တန်းချန်ပီယံဆုနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆု ခါးပတ်နှစ်ခုအနက် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို ရရှိလိုသည့်အတွက် ဘရန်ဒန်ဗီရာက စိန်ခေါ်ထိုးသတ်ခြင်း ဖြစ်သည်။
“အောင်လအနေနဲ့က ကစားရတာပွဲစိပ်တယ်။ ပြင်ဆင်မှုအနေနဲ့လည်း နှစ်ချီပြီးတော့ နည်းပြကောင်းကောင်းနဲ့ စခန်းသွင်းပြီး လေ့ကျင့်နေတယ်။ သူ့အနေနဲ့ ယုံကြည်မှုလည်းရှိတယ်။ ပရိသတ်အားပေးထောက်ခံမှုလည်း အပြည့်အဝ ရရှိထားတယ်။ သူ့ရဲ့ပြိုင်ဘက်ကလည်း ကျော်ကြားပြီး အတွေ့အကြုံကောင်းတဲ့ ကစားသမားဖြစ်တဲ့အတွက် ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲမှာ အသက်အရွယ်ကွာခြားမှု၊ ကြံ့ခိုင်မှုအနေအထား၊ ပွဲအနီးအဝေး၊ ယုံကြည်မှု အဲဒါတွေအပေါ်မှာ မူတည်ပြီးတော့ ပွဲကတော့ စိတ်ဝင်စားစရာ အများကြီးကောင်းတယ်” ဟု ၎င်းကပြောသည်။
သတင်း-ဇာနည်မောင်၊ အေးမင်းသူ၊ ဓာတ်ပုံ-MMA
#Myanmar_online_News

0 comments:

Post a Comment