Sunday, September 1, 2019

ကော့ကျိုက်-ဇာသပြင်(အဖြောင့်လမ်း)အား ဘေလီသံဘောင်တံတားအစားထိုးမည်ဖြစ်၍ ခေတ္တပိတ်ထားမည်

No photo description available.

ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) မိုင်တိုင်အမှတ် (၁၁/၇ - ၁၂/၀) ရှိ အရှည်(၄၀ ပေ)တံတား ဇာသပြင်ဘက်အခြမ်း ကမ်းကပ်ခုံ အက်ကွဲပြီး ကြမ်းခင်းကြံ့ခိုင်မှု အားနည်းလာပါသဖြင့် အဆိုပါတံတား နေရာတွင် အရှည် (၆၀ ပေ) ဘေလီသံဘောင်တံတား အစားထိုးတည်ဆောက်မည်ဖြစ်၍ အဆိုပါလမ်းပိုင်းအား (၂-၉-၂၀၁၉)ရက် တနင်္လာနေ့ နံနက် (၆)နာရီမှ ည (၁၂)နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လမ်းပိုင်း ခေတ္တပိတ်ထားစဉ်ကာလအတွင်း ယာဉ်ကြီးများ (အတက်/အဆင်း)အနေဖြင့် သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား - အိန္ဒု လမ်းအတိုင်း မောင်းနှင်သွားလာနိုင်ပါသည်။
( မှတ်ချက်။ ယာဉ်ကြီးများသည် နောင်လုံ - အိန္ဒု လမ်းပိုင်းရှိ မြပြည်တံတား ပေါ်တွင် ဂရုစိုက်ပြီး ဖြည်းညင်းစွာ ဖြတ်သန်းပေးကြပါရန်မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။)
Image may contain: one or more people, outdoor, water and nature
Image may contain: one or more people, outdoor, water and nature
No photo description available.
No photo description available.
Image may contain: outdoor

(လမ်းဦးစီးဌာန ၊ ကရင်ပြည်နယ်)

0 comments:

Post a Comment