Sunday, September 22, 2019

ပုဂံၿမိဳ့တြင္ မိုးရြာသြန္းမွုမ်ားျပား ခေရလမ္းမႀကီး ေရဝပ္ေနမွုကို ေရစုပ္စက္ျဖင့္ စုပ္ယူဖယ္ရွား

Image may contain: one or more people and outdoor

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခရိုင္၊ ပုဂံၿမိဳ့ အေနာ္ရထာ/ က်န္စစ္ ရပ္ကြက္ ခေရလမ္းမႀကီးတြင္ စက္တင္ဘာ ၂၂ ရက္ နံနက္ ၁၀ နာရီအခ်ိန္က ရြာသြန္းခဲ့သည့္ မိုးေၾကာင့္ မိုးေရမ်ား ထြက္ေပါက္ပိတ္ေနၿပီး ေရမ်ား ဝပ္ကာ ကားမ်ား ျဖတ္သန္းသြားလာရာတြင္ ခက္ခဲေနျခင္းေၾကာင့္ ပုဂံေဒသ ဖြံ့ၿဖိဳးေရးအသင္းမွ ဦးေဆာင္ကာ ေရစုပ္စက္ျဖင့္ စုပ္ယူဖယ္ရွားခဲ့ေၾကာင္း သိရသည္။

‘‘ပုဂံၿမိဳ့ အေနာ္ရထာ/က်န္စစ္ရပ္ကြက္ ခေရလမ္းမႀကီးေပၚတြင္ မိုးရြာ သြန္းမွုမ်ားကာ ကားလမ္းေပၚတြင္ ေပ ၃၀၊ ေပ ၄၀ ေရအိုင္ႀကီးမ်ား ျဖစ္ထြန္းေနေသာေၾကာင့္ ဘုရားဖူးကားမ်ား ျဖတ္မေမာင္းရဲသျဖင့္ ပုဂံေဒသ ဖြံ့ၿဖိဳးေရးအသင္းမွ ဦးေဆာင္ကာ ပုဂံၿမိဳ့စည္ပင္သာယာေရး ဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ အေနာ္ရထာ/ က်န္စစ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူး ႏွင့္ ရာအိမ္မွူးမ်ား၊ ပုဂံၿမိဳ့ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားသည္ ယေန႔ ေန႔လယ္ပိုင္းတြင္ ေရမ်ားအား ေရစုပ္စက္နဲ႔ စုပ္ထုတ္လ်က္ရွိရာ ေန႔လယ္ ၁ နာရီအခ်ိန္မွစ၍ ယာဥ္မ်ား အဆင္ေျပစြာ ျဖတ္သန္း သြားလာ နိုင္ေၾကာင္း’’ ကိုေဆာ္(ပုဂံ)၏ ေျပာျပခ်က္အရ သိရသည္။

<Unicode>
ပုဂံမြို့တွင် မိုးရွာသွန်းမှုများပြား ခရေလမ်းမကြီး ရေဝပ်နေမှုကို ရေစုပ်စက်ဖြင့် စုပ်ယူဖယ်ရှား
Monday, September 23, 2019

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ အနော်ရထာ/ ကျန်စစ် ရပ်ကွက် ခရေလမ်းမကြီးတွင် စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီအချိန်က ရွာသွန်းခဲ့သည့် မိုးကြောင့် မိုးရေများ ထွက်ပေါက်ပိတ်နေပြီး ရေများ ဝပ်ကာ ကားများ ဖြတ်သန်းသွားလာရာတွင် ခက်ခဲနေခြင်းကြောင့် ပုဂံဒေသ ဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ကာ ရေစုပ်စက်ဖြင့် စုပ်ယူဖယ်ရှားခဲ့ကြောင်း သိရသည်။
‘‘ပုဂံမြို့ အနော်ရထာ/ကျန်စစ်ရပ်ကွက် ခရေလမ်းမကြီးပေါ်တွင် မိုးရွာ သွန်းမှုများကာ ကားလမ်းပေါ်တွင် ပေ ၃၀၊ ပေ ၄၀ ရေအိုင်ကြီးများ ဖြစ်ထွန်းနေသောကြောင့် ဘုရားဖူးကားများ ဖြတ်မမောင်းရဲသဖြင့် ပုဂံဒေသ ဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ကာ ပုဂံမြို့စည်ပင်သာယာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ အနော်ရထာ/ ကျန်စစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများ၊ ပုဂံမြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လယ်ပိုင်းတွင် ရေများအား ရေစုပ်စက်နဲ့ စုပ်ထုတ်လျက်ရှိရာ နေ့လယ် ၁ နာရီအချိန်မှစ၍ ယာဉ်များ အဆင်ပြေစွာ ဖြတ်သန်း သွားလာ နိုင်ကြောင်း’’ ကိုဆော်(ပုဂံ)၏ ပြောပြချက်အရ သိရသည်။

0 comments:

Post a Comment