

စက္တင္ဘာ(၂၁)ရက္တြင္ မေကြးတိုင္းေဒသၾကီး၊ မေကြးျမိဳ႕၊ ထိန္ထိန္သာ ဟိုတယ္၌ ႏုိင္ငံတကာျငိမ္းခ်မ္းေရးေန႔ အခမ္းအနားကို ျမန္မာ့အမ်ဳိးသမီးသမဂၢအဖြဲ႔က ဦးေဆာင္ကာက်င္းပသြားခဲ့ေျကာင္း သိရွိရသည္။
အခမ္းအနားတြင္ နယ္ေျမအသီးသီးမွာၾကံဳေတြ႔ေနရေသာ အေျခအေနမ်ား၊ ျငိမ္းခ်မ္းေရးအတြက္ လက္ေတြ႔ရင္ဆုိင္ေနရတဲ႔ အေျခအေနမ်ား ၊ ျပည္တြင္းပဋိပကၡခ်ဳပ္ျငိမ္းေရး၊ က်ား၊ မ တန္းတူယွဥ္တြဲေနထုိင္ႏုိင္ေရး၊ အေျခခံလူထုေတြရင္ဆုိင္ၾကံဳေတြ႔ေနရတဲ႔ အဓိကစိန္ေခၚမႈေတြကုိ ေဆြးေႏြးခဲ႔ၾကျပီး ေဆြးေႏြးပြဲရလဒ္မ်ားကို သက္ဆုိင္ရာလႊတ္ေတာ္၊ အစိုးရအဖဲြ႔မ်ားထံ တင္ျပသြားမည္ျဖစ္ေျကာင္း သိရွိရျပီး ျမန္မာ့အမ်ဳိးသမီးသမဂၢအဖဲြ႔ဝင္ေတြဟာ ႏုိင္ငံတကာျငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ လူထုစုဆုံပဲြေတြကုိလည္း စက္တင္ဘာ(၁၉)ရက္ကေန (၂၁)ရက္အထိ ျပဳလုပ္ခဲ႔ၾကေျကာင္းသိရွိရသည္။
ႏုိင္ငံတကာျငိမ္းခ်မ္းေရးေန႔အခမ္းအနားေတြကုိ တုိင္းနဲ႔ျပည္နယ္ အသီးသီးတြင္ အလွည္က်က်င္းပခဲ့တာျဖစ္ျပီး ယခုႏွစ္တြင္ မေကြးျမိဳ့မွာက်င္းပခဲ့ျခင္းျဖစ္သည္။ အဆိုပါအခမ္းအနားကုိ မေကြးတုိင္းက အဖဲြ႔ေတြ အပါအဝင္ တုိင္းနဲ႔ျပည္နယ္(၈)ခုက အမ်ဳိးသမီးသမဂၢအဖဲြ႔ဝင္ေတြလည္း တက္ေရာက္ခဲ့ျကေျကာင္း သိရွိရသည္။
<<Unicode>>
မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့မှဦးဆောင်၍ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အခမ်းအနား မကွေးတွင်ကျင်းပ
Monday, September 23, 2019
စက်တင်ဘာ(၂၁)ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ထိန်ထိန်သာ ဟိုတယ်၌ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ဦးဆောင်ကာကျင်းပသွားခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် နယ်မြေအသီးသီးမှာကြုံတွေ့နေရသော အခြေအနေများ၊ ငြိမ်းချမ်းရေးအတွက် လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေများ ၊ ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေး၊ ကျား၊ မ တန်းတူယှဉ်တွဲနေထိုင်နိုင်ရေး၊ အခြေခံလူထုတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များကို သက်ဆိုင်ရာလွှတ်တော်၊ အစိုးရအဖွဲ့များထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပြီး မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်တွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုစုဆုံပွဲတွေကိုလည်း စက်တင်ဘာ(၁၉)ရက်ကနေ (၂၁)ရက်အထိ ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
နိုင်ငံတကာငြိမ်းချမ်းရေးနေ့အခမ်းအနားတွေကို တိုင်းနဲ့ပြည်နယ် အသီးသီးတွင် အလှည်ကျကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်တွင် မကွေးမြို့မှာကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားကို မကွေးတိုင်းက အဖွဲ့တွေ အပါအဝင် တိုင်းနဲ့ပြည်နယ်(၈)ခုက အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။






0 comments:
Post a Comment