
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ေကြ႕လင္ၿမိဳ႕ (Guilin) က က်ားပ်ံအေမြအႏွစ္ျပတိုက္ (Flying Tiger Heritage Museum) မွာ ထာဝရထားရွိျပသမည့္ သမိုင္းဝင္ေလယာဥ္တစ္စီးျဖစ္တဲ့ စီ-၄၇ ဟာ ဟမ့္ေတာင္ကုန္းတစ္ေလွ်ာက္ေပၚကေန မပ်ံသန္းခင္ မႏၲေလးၿမိဳ႕မွာ ဆင္းသက္ခဲ့ပါတယ္။
အႏၲရာယ္ႀကီးစြာ ေမာင္းႏွင္ပ်ံသန္းခဲ့ၾကၿပီး က်ားပ်ံမ်ားလို႔ လူသိမ်ားတဲ့ ေလယာဥ္မႉးေတြနဲ႔ ဒုတိယကမာၻစစ္အတြင္း စစ္ေအာင္ႏိုင္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးစားအားထုတ္ဖို႔ ဒီခရီးလမ္းေၾကာင္းမွာ လႈပ္ရွားသြားလာခဲ့ၾကသူ ေဒသတြင္းကလူပုဂၢိဳလ္ေတြကို ဒီျပတိုက္က မွတ္တမ္းတင္ထားရွိထားတာျဖစ္ပါတယ္။ ဟမ့္ေတာင္ကုန္းတစ္ေလွ်ာက္ခရီးစဥ္ဟာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံထဲကို မဝင္ေရာက္မီ ဟိမဝႏၲာေတာင္တန္းေပၚကေန ပ်ံသန္းသြားတဲ့ခရီးကိုေခၚဆိုၾကတာပါ။ ဒုတိယကမာၻစစ္အတြင္းက အေမရိကန္ေလယာဥ္မႉးေတြ အသုံးျပဳပ်ံသန္းေမာင္းႏွင္ခဲ့ရတဲ့ အႏၲရာယ္အႀကီးမားဆုံး ေလေၾကာင္းခရီးစဥ္တစ္ခုလည္းျဖစ္ပါတယ္။ ဒီခရီးစဥ္ကိုပ်ံသန္းေမာင္းႏွင္ခဲ့ၾကသူ ရဲစြမ္းသတၱိနဲ႔ ျပည့္စုံတဲ့ေလယာဥ္မႉးေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ေရာ ေဒသတြင္းၿငိမ္းခ်မ္းေရးကိုထိန္းသိမ္းဖို႔အတြက္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားၾကမယ့္ အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံလို ႏိုင္ငံေတြအၾကား ခ်စ္ၾကည္ရင္းႏွီးမႈကိုျပသတဲ့အေနနဲ႔ေရာ ဒီေလယာဥ္က ပ်ံသန္းေမာင္းႏွင္ခဲ့တာျဖစ္ေျကာင္းသိရွိရပါသည္။


#U_S_Embassy_Rangoon #C_47 #Flying_Tiger_Heritage_Museum #Myanmar_Online_News #တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ #မႏၲေလးၿမိဳ႕
<<Unicode>>
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့လင်မြို့ရှိ ကျားပျံအမွေအနှစ်ပြတိုက်တွင် ထာဝရထားရှိပြသမည့် သမိုင်းဝင်လေယာဉ်တစ်စီးဖြစ်တဲ့ စီ-၄၇ မန္တလေးမြို့၌ ဆင်းသက်
Monday, September 23, 2019
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့လင်မြို့ (Guilin) က ကျားပျံအမွေအနှစ်ပြတိုက် (Flying Tiger Heritage Museum) မှာ ထာဝရထားရှိပြသမည့် သမိုင်းဝင်လေယာဉ်တစ်စီးဖြစ်တဲ့ စီ-၄၇ ဟာ ဟမ့်တောင်ကုန်းတစ်လျှောက်ပေါ်ကနေ မပျံသန်းခင် မန္တလေးမြို့မှာ ဆင်းသက်ခဲ့ပါတယ်။ အန္တရာယ်ကြီးစွာ မောင်းနှင်ပျံသန်းခဲ့ကြပြီး ကျားပျံများလို့ လူသိများတဲ့ လေယာဉ်မှူးတွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်အောင်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ဖို့ ဒီခရီးလမ်းကြောင်းမှာ လှုပ်ရှားသွားလာခဲ့ကြသူ ဒေသတွင်းကလူပုဂ္ဂိုလ်တွေကို ဒီပြတိုက်က မှတ်တမ်းတင်ထားရှိထားတာဖြစ်ပါတယ်။ ဟမ့်တောင်ကုန်းတစ်လျှောက်ခရီးစဉ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထဲကို မဝင်ရောက်မီ ဟိမဝန္တာတောင်တန်းပေါ်ကနေ ပျံသန်းသွားတဲ့ခရီးကိုခေါ်ဆိုကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေယာဉ်မှူးတွေ အသုံးပြုပျံသန်းမောင်းနှင်ခဲ့ရတဲ့ အန္တရာယ်အကြီးမားဆုံး လေကြောင်းခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုပျံသန်းမောင်းနှင်ခဲ့ကြသူ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့လေယာဉ်မှူးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော ဒေသတွင်းငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမယ့် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှုကိုပြသတဲ့အနေနဲ့ရော ဒီလေယာဉ်က ပျံသန်းမောင်းနှင်ခဲ့တာဖြစ်ကြောင်းသိရှိရပါသည်။
#U_S_Embassy_Rangoon #C_47 #Flying_Tiger_Heritage_Museum #Myanmar_Online_News #တရုတ်ပြည်သူ့သမ္မတနိုင်ငံ #မန္တလေးမြို့






0 comments:
Post a Comment