
တရုတ္ႏိုင္ငံေရယာဥ္တည္ေဆာက္ေရးလုပ္ငန္းတစ္ခုျဖစ္တဲ့ China's Wuchang Shipbuilding မွာ ေတာ္၀င္ထိုင္းေရတပ္ Royal Thai Navy's (RTN's) အတြက္ ပထမဆံုးေသာ S26T (Thailand) diesel-electric submarine (SSK) ဆိုင္ရာ Keel Laying Ceremony ဧရာ ခင္းအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္ေန႔တုန္းက Wuhan, China မွာ ျပဳလုပ္ခဲ့ပါတယ္။ Steel Cutting Ceremony ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလတုန္းက အဆိုပါ ကုမၸဏီမွာတင္ ျပဳလုပ္ခဲ့ တယ္လို႔ သိရပါတယ္။
အခုလိုတည္ေဆာက္ေရးပိုင္းဆိုင္ရာဟာ အစိုးရခ်င္း နားလည္မႈ သေဘာ တူစာခ်ဳပ္ လက္မွတ္ေရးထိုးမႈ government-to-government contract signed အစိတ္အပိုင္းတစ္ရပ္လည္းျဖစ္ပါတယ္။ ေတာ္၀င္ထိုင္းေရတပ္ RTN နဲ႔ တရုတ္ႏိုင္ငံက ေရယာဥ္တည္ေဆာက္ေရးလုပ္ငန္းျဖစ္တဲ့ China Shipbuilding and Offshore International Company (CSOC) တို႔ဟာ ၂၀၁၇ ခုႏွစ္တုန္းက အဲ့ဒီသေဘာတူညီမႈစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။
တည္ေဆာက္ေရး ကုန္က်စရိတ္အားျဖင့္ ထိုင္းဘတ္ေငြ ၁၃.၅ ဘီလီယံ (အေမရိကန္ေဒၚလာ ၄၃၀ မီလီယံ) THB13.5 billion (USD430 million) ေလာက္ ကုန္က်မွာျဖစ္ၿပီး သကၠရာဇ္ ၂၀၂၃ ခုႏွစ္မွာ ထိုင္းႏိုင္ငံ ကို လႊဲေျပာင္းေပးအပ္သြားမယ္လို႔ သိရပါတယ္။ အခုတည္ေဆာက္တဲ့ S26T ဟာဆိုရင္ တရုတ္ေရတပ္ People's Liberation Army Navy's (PLAN's) ရဲ႕ Yuan-class (Type 041) submarine နဲ႔ အလားသ ႑ာန္ဆင္တူပါတယ္။



<<Unicode >>
တရုတ်နိုင်ငံက ထိုင်းနိုင်ငံအတွက် ရေငုပ်သင်္ဘောတည်ဆောက်ပေး
Tuesday, September 17, 2019
တရုတ်နိုင်ငံရေယာဉ်တည်ဆောက်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ China's Wuchang Shipbuilding မှာ တော်ဝင်ထိုင်းရေတပ် Royal Thai Navy's (RTN's) အတွက် ပထမဆုံးသော S26T (Thailand) diesel-electric submarine (SSK) ဆိုင်ရာ Keel Laying Ceremony ဧရာ ခင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တုန်းက Wuhan, China မှာ ပြုလုပ်ခဲ့ပါတယ်။ Steel Cutting Ceremony ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတုန်းက အဆိုပါ ကုမ္ပဏီမှာတင် ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
အခုလိုတည်ဆောက်ရေးပိုင်းဆိုင်ရာဟာ အစိုးရချင်း နားလည်မှု သဘော တူစာချုပ် လက်မှတ်ရေးထိုးမှု government-to-government contract signed အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။ တော်ဝင်ထိုင်းရေတပ် RTN နဲ့ တရုတ်နိုင်ငံက ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းဖြစ်တဲ့ China Shipbuilding and Offshore International Company (CSOC) တို့ဟာ ၂၀၁၇ ခုနှစ်တုန်းက အဲ့ဒီသဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
တည်ဆောက်ရေး ကုန်ကျစရိတ်အားဖြင့် ထိုင်းဘတ်ငွေ ၁၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၃၀ မီလီယံ) THB13.5 billion (USD430 million) လောက် ကုန်ကျမှာဖြစ်ပြီး သက္ကရာဇ် ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံ ကို လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။ အခုတည်ဆောက်တဲ့ S26T ဟာဆိုရင် တရုတ်ရေတပ် People's Liberation Army Navy's (PLAN's) ရဲ့ Yuan-class (Type 041) submarine နဲ့ အလားသ ဏ္ဍာန်ဆင်တူပါတယ်။
#Ref_ janes.com






0 comments:
Post a Comment