
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၊ ေစတနာရွင္ျပည္သူမ်ားသည္ ယေန႔ စက္တင္ဘာလ ၁၇ရက္ေန႔ မြန္းလြဲပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ပါဠိတကၠသိုလ္ ေညာင္တုန္းေက်ာင္းတိုက္သို႔ အလႉေတာ္ေငြ၂၃,၁၂၄,၀၀၀ (ႏွစ္ရာ့သုံးဆယ့္ တစ္သိန္းႏွစ္ေသာင္းေလးေထာင္)က်ပ္နင့္ ဆန္ ၁၆၅ အိတ္၊ ဆီ ၃၅ ပိႆာ၊ ပဲ ၇၅၊ ေဆးပစၥည္းမ်ားႏွင့္ အျခားလႉဖြယ္ပစၥည္းတို႔ကို သြားေရာက္လွဴဒါန္းခဲ့ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ မဟာဗႏၶဳလပန္းျခံလမ္း(အလယ္ဘေလာက္)႐ွိ မြတ္စလင္ကုသိုလ္ျဖစ္ေဆးရံုႏွင့္ ဇီဝိတဒါနအသင္းသို႔လည္း သြားေရာက္လွဴဒါန္းခဲ့ၿပီး မြန္းလြဲပိုင္းတြင္ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္ေအာင္ေက်ာ္လမ္း(အလယ္ဘေလာက္)႐ွိ သ်ွရီသ်ွရီစႏၵီမယ္ေတာ္ဘုရားေက်ာင္းသို႔ အလွဴေငြ ၇၇ သိန္းႏွင့္ စားေသာက္ဖြယ္ရာမ်ားကုိ သြားေရာက္လွဴဒါန္းခဲ့ေၾကာင္းလည္း သိရသည္။
ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၁ ရက္ေန႔ မႏၱေလးၿမိဳ႕၊ ဂြ်န္းဗလီ အေျခခံဘာသာေရးေက်ာင္းသို႔ သြားေရာက္၍ ဆန္၊ ဆီ၊ ဆားနဲ႔ အလွဴေငြေတြ ေပးအပ္လွဴဒါန္းခဲ့ၿပီး ၾသဂုတ္လ ၂၆ ရက္ေန႔ကလည္း ပ်ဥ္းမနားၿမိဳ႕ ဦးေဂ်းဂ်ာေမဗလီနဲ႔ စိန္႔မိုက္ကယ္ ကက္သလစ္ခရစ္ယာန္ေက်ာင္းမ်ားသို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္ သြားေရာက္ကာ အလႉေငြႏွင့္ ပစၥည္းမ်ားလႉဒါန္းခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ထားသည္။



<Unicode>
ဗဟန်းမြို့နယ်ရှိ ပါဠိတက္ကသိုလ်၊ ညောင်တုန်းကျောင်းတိုက်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အလှူငွေများ သွားရောက်လှူဒါန်း
Tuesday, September 17, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်ပြည်သူများသည် ယနေ့ စက်တင်ဘာလ ၁ရရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်သို့ အလှူတော်ငွေ-၂၃,၁၂၄,၀၀၀ (နှစ်ရာ့သုံးဆယ့် တစ်သိန်းနှစ်သောင်းလေးထောင်)ကျပ်နင့် ဆန် ၁၆၅ အိတ်၊ ဆီ ၃၅ ပိဿာ၊ ပဲ ၇၅၊ ဆေးပစ္စည်းများနှင့် အခြားလှူဖွယ်ပစ္စည်းတို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းသို့လည်း သွားရောက်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း(အလယ်ဘလောက်)ရှိ သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့ အလှူငွေ ၇၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ မန္တလေးမြို့၊ ဂျွန်းဗလီ အခြေခံဘာသာရေးကျောင်းသို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆားနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့ကလည်း ပျဉ်းမနားမြို့ ဦးဂျေးဂျာမေဗလီနဲ့ စိန့်မိုက်ကယ် ကက်သလစ်ခရစ်ယာန်ကျောင်းများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကာ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
#တပ်မတော် #မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံ #MyanmarOnlineNews






0 comments:
Post a Comment