ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအချက်အလက်ရယူနိုင်မှုအတွက် သတင်းမီဒီယာများနှင့်တွေ့ဆုံမှုအခမ်းအနားကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ ၄ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ စီမံရေးရာဌာနမှူး ဦးကျော်မင်း က " ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၆ မြို့နယ်အတွင်း မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများ လှည့်လည်ရောင်းချနေတာတွေကို တွေ့ရှိရတယ်။ ရောင်းချမှု လိုင်စင်တွေကိုလည်း ထုတ်ပေးမထားပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုင်စင်တွေနဲ့ လမ်းဘေးဈေးသည် အနေအထားမျိုးတွေနဲ့ ရောင်းလာမှာစိုးလို့ဖြစ်ပါတယ်။ စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေတာကို စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ စည်ပင်သာယာဥပဒေအရ ပထမအကြိမ် ငွေဒဏ် ကျပ် ၁ သောင်းကနေ ကျပ် ၁ သိန်းအထိနဲ့ ဆက်လက်ရောင်းချနေမယ်ဆိုရင်တော့ ထောင်ဒဏ် ၁ လ အထိ ကျခံရမှာ ဖြစ်တယ်လို့ " ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြိုတွင်း မြို့နယ် ၆ မြို့နယ်မှာ ရောင်းချခွင့်ပြုမှာမဟုတ်မှာ မဟုတ်ကြောင်းနှင့် ရောင်းချမည်ဆိုပါက လိုင်စင်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်လိုင်စင်ကိုပဲပေးပါတယ်။ ဝှီးတက်မူရင်း၊ မိတ္တူနဲ့လျှောက်ထားရပါမယ်။ သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ပြည်တွင်းအခွန်ဦးစီးဌာနမှာ အခွန်ထမ်းအချက်တွေရယ်၊ လိုင်စင်ပါစည်းကမ်းချက်တွေ လိုက်နာပါ့မယ်။ ဘာပစ္စည်းတွေရောင်းချမယ်ဆိုတဲ့အချက်တွေကိုတွဲပြီး လျှောက်ထားရင် လိုင်စင်ခွင့်ပြုပေးမှာဖြစ်ပါတယ်” ဟု ဦးကျော်မင်းက ပြောကြားသည်။
လက်ရှိမှာတော့ မော်တော်ယာဉ်နဲ့ ဈေးရောင်းခွင့်လုပ်ငန်းလိုင်စင် ၁၇၀ ကျော်ကိုသာ ခွင့်ပြုထားကြောင်း သိရသည်။
0 comments:
Post a Comment