
ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းသည္ ဆီးဂိမ္းၿပိဳင္ပြဲ ယွဥ္ၿပိဳင္မည့္ ပဏာမလက္ေ႐ြးစင္ ကစားသမားမ်ား ေ႐ြးခ်ယ္ ရန္အတြက္ သုံးပြင့္ဆိုင္လူေ႐ြးပြဲ က်င္းပရန္ ပဏာမကစား သမားမ်ားအား သုံးသင္းခြဲ၍ ဖြဲ႕စည္းလိုက္ၿပီျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းကို ပဏာမကစား သမား ၃၆ ဦးျဖင့္ ဖြဲ႕စည္းထားသည္။ ျမန္မာ အမ်ိဳးသမီးအသင္းနည္းျပခ်ဳပ္ ဦးဝင္းသူမိုးသည္ သုံးပြင့္ဆိုင္ေျခစမ္းပြဲကစားမည့္ အသင္းမ်ားကို (က၊ ခ၊ ဂ) ဟူ၍ သုံးသင္း ခြဲ၍ ဖြဲ႕စည္းထားၿပီး (က) အသင္းႏွင့္ (ခ) အသင္းတြင္ ယူ-၁၉ အသင္းမွ ကစားသမားအမ်ားစု ပါဝင္ လာသည္။ လူေ႐ြးပြဲမ်ားကို တစ္ရက္ျခား တစ္ပြဲ က်င္းပမည္ျဖစ္ၿပီး သုံးပြဲစလုံးကို နံနက္ ၇ နာရီခြဲတြင္ ဗဟန္းျမက္ခင္းတု ကြင္း၌ က်င္းပမည္ျဖစ္သည္။ လူေ႐ြးပြဲအျဖစ္ စက္တင္ဘာ ၁၉ ရက္ (ယေန႔) တြင္ (က) အသင္းႏွင့္ (ခ) အသင္း၊ စက္တင္ဘာ ၂၁ ရက္တြင္ (က) အသင္းႏွင့္ (ဂ) အသင္း၊ စက္တင္ဘာ ၂၃ ရက္တြင္ (ခ) အသင္းႏွင့္ (ဂ) အသင္းတို႔ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။ လူေ႐ြးပြဲအၿပီးတြင္ ကစားသမား ၂၆ ဦး ျပန္လည္ ေ႐ြးခ်ယ္ကာ ဆီးဂိမ္းၿပိဳင္ပြဲအတြက္ ေလ့က်င့္ျပင္ဆင္သြားမည္ျဖစ္သည္။
ကစားသမားမ်ားတြင္ ပုံမွန္ပါဝင္ေနသည့္ စီနီယာကစားသမားမ်ားအျပင္ ယူ-၁၉ အသင္းမွ ကစားသမားအမ်ားစုလည္း ပါဝင္ လာသည္။
<<unicode>>
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား လူရွေးပွဲကျင်းပ
Thursday, September 19, 2019
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် ကစားသမားများ ရွေးချယ် ရန်အတွက် သုံးပွင့်ဆိုင်လူရွေးပွဲ ကျင်းပရန် ပဏာမကစား သမားများအား သုံးသင်းခွဲ၍ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစား သမား ၃၆ ဦးဖြင့် ဖွဲ့စည်းထားသည်။ မြန်မာ အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် သုံးပွင့်ဆိုင်ခြေစမ်းပွဲကစားမည့် အသင်းများကို (က၊ ခ၊ ဂ) ဟူ၍ သုံးသင်း ခွဲ၍ ဖွဲ့စည်းထားပြီး (က) အသင်းနှင့် (ခ) အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားအများစု ပါဝင် လာသည်။ လူရွေးပွဲများကို တစ်ရက်ခြား တစ်ပွဲ ကျင်းပမည်ဖြစ်ပြီး သုံးပွဲစလုံးကို နံနက် ၇ နာရီခွဲတွင် ဗဟန်းမြက်ခင်းတု ကွင်း၌ ကျင်းပမည်ဖြစ်သည်။ လူရွေးပွဲအဖြစ် စက်တင်ဘာ ၁၉ ရက် (ယနေ့) တွင် (က) အသင်းနှင့် (ခ) အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် (က) အသင်းနှင့် (ဂ) အသင်း၊ စက်တင်ဘာ ၂၃ ရက်တွင် (ခ) အသင်းနှင့် (ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစားသမား ၂၆ ဦး ပြန်လည် ရွေးချယ်ကာ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။
ကစားသမားများတွင် ပုံမှန်ပါဝင်နေသည့် စီနီယာကစားသမားများအပြင် ယူ-၁၉ အသင်းမှ ကစားသမားအများစုလည်း ပါဝင် လာသည်။
#Myanmar_Online_News #အမျိုးသမီးအသင်း #ဦးဝင်းသူမိုး






0 comments:
Post a Comment