Wednesday, September 18, 2019

အေမရိကန္နိုင္ငံ အမ်ိဳးသားလံုျခံဳေရးအၾကံေပးပုဂၢိုလ္အသစ္ ခန့္အပ္

Image may contain: 2 people, people smiling, people standing and suit

အေမရိကန္သမၼတ ေဒၚနယ္ထရမ္႕ဟာ အမ်ိဳးသားလံုျခံဳေရးအၾကံေပးပုဂၢိုလ္အသစ္အၿဖစ္ ဂၽြန္ဘိုလ္တန္ရဲ႕ ေနရာမွာ ေရာဘတ္အို ဘရိုင္ရင္ကို မေနက စက္တင္ဘာလ ၁၈ ရက္ေန့တြင္ ခန္႕အပ္လိုက္ျပီျဖစ္ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ေရာဘတ္နဲ႕ ေလာ့စ္အိန္ဂ်လိမွာ ေတြ႕ဆံုစကားေျပာခဲ့ျပီး ေရာဘတ္အေနနဲ႕ အေကာင္းဆံုးတာ၀န္ထမ္းေဆာင္ႏိုင္လိမ့္မယ္လို႕ ထရမ့္က သူ႕ရဲ႕ တြစ္တာစာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။
ေရာဘတ္ဟာ ေဒၚနယ္ထရမ့္အစိုးရရဲ႕ ေလးဦးေျမာက္ အမ်ိဳးသားလံုျခံဳေရးအၾကံလည္းျဖစ္လာမွာျဖစ္ျပီး အမ်ိဳးသားလံုျခံဳေရးအၾကံေပးတစ္ေယာက္အေနနဲ႕ လူ၀င္မႈၾကီးၾကပ္ေရးမူ၀ါဒပိုင္းကစလို႕ လက္ရွိ အီရန္နဲ႕ အေျခအေနတင္းမာေနမႈေတြအထိ တာ၀န္အားလံုးကို ထမ္းေဆာင္ရမွာျဖစ္ပါတယ္။
ေရာဘတ္ဟာ ႏုိင္ငံျခားေရးမူ၀ါဒပိုင္းမွာ အေမရိကန္အစိုးရအဖြဲ႕ေတြနဲ႕သာမက လက္ရွိ အေမရိကန္ႏုိင္ငံျခားေရး၀န္ၾကီးဌာနမွာပါ ဓားစာခံညွိႏႈိင္းမႈမ်ားကို ဦးေဆာင္ေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။
Ref; Reuters

<< Unicode >>
အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အသစ် ခန့်အပ်
Thursday, September 19, 2019

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အသစ်အဖြစ် ဂျွန်ဘိုလ်တန်ရဲ့ နေရာမှာ ရောဘတ်အို ဘရိုင်ရင်ကို မနေက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရောဘတ်နဲ့ လော့စ်အိန်ဂျလိမှာ တွေ့ဆုံစကားပြောခဲ့ပြီး ရောဘတ်အနေနဲ့ အကောင်းဆုံးတာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။
ရောဘတ်ဟာ ဒေါ်နယ်ထရမ့်အစိုးရရဲ့ လေးဦးမြောက် အမျိုးသားလုံခြုံရေးအကြံလည်းဖြစ်လာမှာဖြစ်ပြီး အမျိုးသားလုံခြုံရေးအကြံပေးတစ်ယောက်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒပိုင်းကစလို့ လက်ရှိ အီရန်နဲ့ အခြေအနေတင်းမာနေမှုတွေအထိ တာဝန်အားလုံးကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ရောဘတ်ဟာ နိုင်ငံခြားရေးမူဝါဒပိုင်းမှာ အမေရိကန်အစိုးရအဖွဲ့တွေနဲ့သာမက လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာပါ ဓားစာခံညှိနှိုင်းမှုများကို ဦးဆောင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။
Ref; Reuters
#Myanmar_Online_News #American #Presidents
#Donald_Trump

0 comments:

Post a Comment