




<< Unicode >>
ရင် နဲ့အမျှ ချစ်မြတ်နိုးရတဲ့ ချစ်ခင် ပွန်းရွှေထူးအတွက် ကြည်ကြည်နူးနူးလေး မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ ရွှေမှုံရတီ
ပရိသတ်တွေရဲ့ အချစ်ောတ် အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော်သရုပ်ဆောင်မင်းသားချော ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီတို့ကတော့ အားကျစရာစုံတွဲလေးပါပဲ..။
တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးမှုလေးတွေ နဲ့ ရိုမန်တစ်ဆန်ကြတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေသလို အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်..။
ဇနီးချောလေးရွှေမှုံကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ရင်နဲ့အမျှချစ်မြတ်နိုးရတဲ့ ချစ်ခင်ပွန်းရွှေထူး အတွက် ကြည်ကြည်နူးနူးလေး မွေးနေ့ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်..။
သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ Happy Birthday Pa Pa လို့ ချစ်စနိုးလေးပြောပြီး ကြည်ကြ ည်နူးနူးလေး မွေးနေ့ဆုတောင်းပေးထားတာမို့ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးအတွက် ဆုတောင်းစကားလေးတွေနဲ့ ကြည်နူးနေကြပါတယ်..။
ပရိသတ်တွေရဲ့ အသည်းကျော် သူတို့ဇနီးမောင်နှံလေးကတော့ မွေးနေ့အမှတ်တရအလှူလေးအဖြစ် လှည်ကူးမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာ ရှိတဲ့ မေတ္တာပရဟိတဂေယာမှာ အလှူလေးတွေပြုလုပ်ကာ ကုသိုလ်ယူခဲ့ကြပါတယ်..။
ပရိသတ်တွေကလည်း သူတို့စုံတွဲလေးရဲ့ မွေးနေ့အလှူလေးကို ကြည်နူးပီတိလေးတွေနဲ့ ဆုတောင်းစကားလေးတွေ ပြောထားကြပြီး လိုက်ဖက် ညီလွန်းကြတဲ့ စုံတွဲလေးကိုလည်း ချစ်မဝဖြစ်နေကြမှာပါနော်..။
Photo Credit – Htoo Khant’s Facebook,CRD-Myanmarload
0 comments:
Post a Comment