Tuesday, September 10, 2019

ယနေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားလေးကိုယ်တိုင် ဘာတွေထွက်ဆိုမလဲ

Image may contain: text

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဗစ်တိုရီးယားလေးကို ဒက္ခိဏ ခရိုင် တရားရုံးမှာ သက်သေ ထွက်ချက်ရယူတော့မည်ဖြစ်ပါတယ်။

ဗစ်တိုးရီးယားလေးကို စစ်ဆေးမေးမြန်းတဲ့အခါ ဗီဒီယိုကွန်ဖရင့်နဲ့ စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီး ဗစ်တိုးရီးယားလေးကိုလည်း တရားရုံးနဲ့ ရင်းနှီးပြီးသားဖြစ်အောင် တာဝန်ရှိသူတွေက ကြိုတင်ဆောင်ရွက်ထားခဲ့ပြီး ဖြစ်ပါတယ်။
ပြည်သူအများ စိတ်ဝင်စားနေကြတဲ့ သည်ဗစ်တိုးရီးယားအမှုမှာ ဗစ်တိုးရီးလေးကိုယ်တိုင် တရားခွင်အတွင်း ထွက်ဆိုချက်တွေဟာ အရေးကြီးပါတယ်။ဒါ့ကြောင့် ယနေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားလေး ဘာတွေထွက်ဆိုမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
ယနေ့ရုံးချိန်းကတော့ ခြောက်ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး ဗစ်တိုးရီးယားလေးတစ်ဦးတည်းကိုသာ တစ်ရက်တည်းနဲ့ အပြီးစစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်။
ယခင်ငါးကြိမ်မြောက်ရုံးချိန်းတွင်လည်း ဗစ်တိုရီးယားလေး၏ မိခင်၊ ဖခင် နဲ့ အဘွားတို့ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment