
မြန်မာ့မြေပေါ်တွင် ပထမဆုံး ကျင်းပခွင့်ရသည့် MYANMAR INTERNATIONAL SERIES 2019 ကြက်တောင် ပြိုင်ပွဲကြီးကို စက်တင်ဘာ ၁၀ရက်နေ့တွင် စတင်ကျင်းပပြုလုပ်နေပြီဖြစ်သည်။
ထိုပြိုင်ပွဲတွင် မန်မာနိုင်ငံမှ သက်ထားသူဇာအပါအဝင် အမျိုးသမီး၆ဦးနှင့် အမျိုးသား ၇ ဦးဝင်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
ပထမနေ့၌ အမျိုးသားတစ်ဦးချင်းပွဲစဉ်များ စတင်ကစားရမည်ဖြစ်ပြီး မန်မာမှ ချမ်းဝင်းဦး၊ မင်းထက်ကောင်း၊ အောင်မျိုးထူး၊ သူရိန်၊ ဘုန်းပြည့်နိုင်နှင့် ဇ်ာလင်းထူးတို့ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။
နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို မန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ World Badminton Federation ၊ Badminton Asia နှင့် Myanmar Badminton Federation တို့ ပူးပေါင်း၍ ရန်ကုန်မြို့ အမျိုးသားကြက်တောင်ကွင်းတွင် ၅ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကလည်း အာရှကြက်တောင် ကမ္ဘာကို ကြီးစိုးနိုင်ရန် ရည်ရွယ်ပြီး ကြက်တောင် ဖွံ့ဖြိုးစပြုနေသော င်ငံငယ်များကို
အားပေးအားမြှောက်ပြုသည့်အနေဖြင့် မန်မာနိုင်ငံကို လာရောက်ကျင်းပ ရခြင်းဖြစ်သည်ဟု သိရသည်။
ထိုပြိုင်ပွဲတွင် င်ငံပေါင်း ၁၂ မှ ကြက်တောင်ကစားသမားပေါင်း ၁၃၉
ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မန်မာနိုင်ငံအနေဖြင့် ကစားသမားပေါင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲ၌ Men’s Singles, Women’s Singles, Men’s Doubles , Women’s Doubles and Mixed Doubles ဆိုပြီး ပိုင်ပွဲ အမျိုးအစား (၅) မျိုးပါဝင်သွားမည်ဖြစ်သည်။


သတင်း - လဲ့လဲ့/ ဧရာဝတီ
ဓာတ်ပုံ - ထက်ဝေ/ ဧရာဝတီ






0 comments:
Post a Comment