Tuesday, September 10, 2019

ဒလမြို့နယ်​တွင်​ယာဉ်​နှင့် ဈေး​ရောင်းချသူအချို့၏ စည်းကမ်းမဲ့မှုများ​ကြောင့် ခရီးသွားများသွားလာမှု ခက်​ခဲ​နေ

Image may contain: one or more people, child, sky, tree and outdoor

ရန်​ကုန်​တိုင်း​ဒေသကြီး ဒလမြို့နယ်​ ကမ်းနားတွင်​ ယာဉ်​နှင့်ဈေး​ရောင်းသူ အချို့တို့မှ အများပြည်​သူသွားလာလျက်​ရှိသည့်လမ်းလယ်​တွင်​ ဂိတ်​ထိုး/​ဈေး​ရောင်းနေခြင်းများ​ကြောင့် ယာဉ်​များ​မောင်းနှင်​မှုနှင့် ခရီးသွားပြည်​သူများ သွားလာမှုခက်​ခဲ​နေ​ကြောင်း သိရသည်​။

ဒလမြို့နယ်​ကမ်းနားသည်​ ​ဒေသစုံမှယာဉ်​များနှင့် ခရီးသွားများနှင့်သွားလာမှုများပြားလျက်​ရှိပြီး​ ဈေးသည်​အချို့နှင့်​​ ယာဉ်​အချို့မှာ သက်​ဆိုင်​ရာမှသတ်​မှတ်​​ပေးထားသည့်​​နေရာများတွင်​ ရပ်​နား/​ဈေး​ရောင်းချခြင်းမပြုဘဲ အများပြည်​သူသွားလမ်းလယ်​တွင်​စည်းကမ်းမဲ့ရပ်​နား​ဈေး​ရောင်း​နေခြင်းများ​ကြောင့် ခရီးသည်​များ မကြာခဏ ယာဉ်​မ​တော်​တဆဖြစ်​ခြင်း ၊စည်းကမ်းမဲ့သူများနှင့် စကားများရန်​ဖြစ်​ရခြင်းမျိုးလည်း ကြုံ​တွေ့​နေရ​ကြောင်း သိရသည်​။
ထို့ပြင်​ ခရီးသွားများ သ​င်္ဘောဆိပ်​သို့ဆင်းရာ လက်​မှတ်​ရုံ​ပေါက်​​ရှေ့တွင်​ ဆိုက်​ကားများ ရပ်​နား​နေခြင်း၊​ဈေး​ရောင်းချ​နေခြင်းများလည်း ရှိပြီး ခရီးသွားပြည်​သူများ သွားလာမှုခက်​ခဲ​နေ​ကြောင်း မည်​သည့် တာဝန်​ရှိသူများမှလည်းရှင်းလင်း​ဆောင်​ရွက်​မှုမျိုးမရှိ​ကြောင်း ခရီးသွားများက​ ပြောသည်​။
အဆိုပါလက်​မှတ်​ရုံနှင့် ကမ်းနားတစ်​ဝိုက်​တွင်​စည်းကမ်းမဲ့ရပ်​နား/​ဈေး​ရောင်း​နေမှုများ​ကြောင့် ခရီးသွားများ တိုး​ဝှေ့ကြပ်​တည်းစွာသွားလာ ​နေရခြင်းကြောင့် ခါးပိုက်​နှိုက်​များ၏ အန္တရာယ်​နှင့်လည်းတွေ့ကြုံ ​နေရ​ကြောင်းလည်း သိရသည်​။
မောင်​ယဉ်​ဦး (ဒလ)

0 comments:

Post a Comment